Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်းတိုက်ခိုက်မှု တရုတ်နိုင်ငံက ကန့်ကွက်ရှုတ်ချဟု တရုတ်သံအမတ်ပြော
DVB
·
August 23, 2019
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တရုတ်နိုင်ငံအနေနဲ့ ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဩဂုတ် ၂၂ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမမှာတွေ့ဆုံရာမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ကပြောကြားခဲ့တာလို့   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ချက်အရ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ လည်းဆိုပါတယ်။ တွေ့ဆုံစဉ် ပြင်ဦးလွင်မြို့နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချကြောင်း၊ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးနေမှုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ တိုးတက်မှုရရှိဖို့ လုပ်ဆောင်နိုင်မယ့် အခြေအနေတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကြောင်းပြပြီး နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဖိအားပေး ဆောင်ရွက်နေမှုတွေကို တရုတ်နိုင်ငံက လက်မခံဘဲ မြန်မာနိုင်ငံဘက်က ရပ်တည်ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။  ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး
ရွမ္းျပည္ေျမာက္ပိုင္းတိုက္ခိုက္မႈ တ႐ုတ္ႏိုင္ငံက ကန႔္ကြက္ရႈတ္ခ်ဟု တ႐ုတ္သံအမတ္ေျပာ DVB ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ အၾကမ္းဖက္တိုက္ခိုက္မႈေတြကို တ႐ုတ္ႏိုင္ငံအေနနဲ႔ ျပတ္ျပတ္သားသား ကန႔္ကြက္ရႈတ္ခ်တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးက ေျပာၾကားလိုက္ပါတယ္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ဩဂုတ္ ၂၂ ရက္ေန႔က ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမမွာေတြ႕ဆုံရာမွာ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး မစၥတာ ခ်န္းဟိုင္ကေျပာၾကားခဲ့တာလို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး သတင္းထုတ္ခ်က္အရ သိရပါတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးတို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း တိုက္ခိုက္မႈျဖစ္စဥ္ေတြနဲ႔ပတ္သက္ၿပီး ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတယ္လို႔ လည္းဆိုပါတယ္။ ေတြ႕ဆုံစဥ္ ျပင္ဦးလြင္ၿမိဳ႕နဲ႔ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္ေတြကို တ႐ုတ္ႏိုင္ငံက ျပတ္ျပတ္သားသား ကန႔္ကြက္ရႈတ္ခ်ေၾကာင္း၊ တ႐ုတ္ႏိုင္ငံရဲ႕ ရပ္တည္ခ်က္၊ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမွာ တ႐ုတ္ႏိုင္ငံက ကူညီေဆာင္႐ြက္ေပးေနမႈနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြ တိုးတက္မႈရရွိဖို႔ လုပ္ေဆာင္ႏိုင္မယ့္ အေျခအေနေတြ ေဆြးေႏြးခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ရခိုင္ျပည္နယ္မွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အေၾကာင္းျပၿပီး ႏိုင္ငံတကာက ျမန္မာႏိုင္ငံအေပၚ ဖိအားေပး ေဆာင္႐ြက္ေနမႈေတြကို တ႐ုတ္ႏိုင္ငံက လက္မခံဘဲ ျမန္မာႏိုင္ငံဘက္က ရပ္တည္ေဆာင္႐ြက္ေပးေနတယ္လို႔လည္း ဆိုပါတယ္။ ဓာတ္ပုံ- တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024