Home
မြန်မာသတင်း
မြန်အောင်မြို့နယ်တွင် ကျောင်းကျန်းမာရေး ပညာပေး ဟောပြော
DVB
·
August 18, 2019
ဧရာဝတီတိုင်း မြန်အောင်မြို့နယ်ထဲက စာသင်ကျောင်းတွေမှာ မြို့နယ် ကျန်းမာရေးဦးစီးဌာနက ကျောင်းကျန်းမာရေး ပညာပေး ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ကျန်းမာရေးဦးစီးဌာနအနေနဲ့ သြဂုတ် ၁၂ ရက်ကနေ ၁၆ ရက်နေ့ထိ ကျန်းမာရေး ပညာပေးဟောပြောမှု သီတင်းပတ်အဖြစ် သတ်မှတ်ပြီး အုပ်စုတွေအလိုက် ပြုလုပ်ခဲ့တာပါ။ ကျောင်းကျန်းမာရေး သီတင်းပတ်ရဲ့ အဓိကလုပ်ငန်းတွေကတော့ ကျောင်းအခြေပြု ကျန်းမာမှု အသိပညာ မြှင့်တင်တဲ့ လုပ်ငန်း၊ တကိုယ်ရေ သန့်ရှင်းရေးနဲ့ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းထဲက အမှိုက်ကင်းစင်ရေးနဲ့ ရေလုံအိမ်သာ သုံးစွဲရေး၊ ကျောင်းအခြေပြု ရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးနဲ့ အစားအစာတွေ အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းနဲ့ ကျောင်းကျန်းမာရေး စောင့်ရှောက်တဲ့ လုပ်ငန်း စတဲ့ အချက် ၅ ချက်နဲ့ ကျောင်းကျန်းမာရေး ပညာပေးဟောပြောမှုတွေ ပြုလုပ်တာပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ျမန္ေအာင္ၿမိဳ႕နယ္တြင္ ေက်ာင္းက်န္းမာေရး ပညာေပး ေဟာေျပာ ဧရာဝတီတိုင္း ျမန္ေအာင္ၿမိဳ႕နယ္ထဲက စာသင္ေက်ာင္းေတြမွာ ၿမိဳ႕နယ္ က်န္းမာေရးဦးစီးဌာနက ေက်ာင္းက်န္းမာေရး ပညာေပး ေဟာေျပာပြဲေတြ ျပဳလုပ္ခဲ့ပါတယ္။ က်န္းမာေရးဦးစီးဌာနအေနနဲ႔ ၾသဂုတ္ ၁၂ ရက္ကေန ၁၆ ရက္ေန႔ထိ က်န္းမာေရး ပညာေပးေဟာေျပာမႈ သီတင္းပတ္အျဖစ္ သတ္မွတ္ၿပီး အုပ္စုေတြအလိုက္ ျပဳလုပ္ခဲ့တာပါ။ ေက်ာင္းက်န္းမာေရး သီတင္းပတ္ရဲ႕ အဓိကလုပ္ငန္းေတြကေတာ့ ေက်ာင္းအေျချပဳ က်န္းမာမႈ အသိပညာ ျမႇင့္တင္တဲ့ လုပ္ငန္း၊ တကိုယ္ေရ သန႔္ရွင္းေရးနဲ႔ ေက်ာင္းပတ္ဝန္းက်င္ သန႔္ရွင္းေရးလုပ္ငန္းထဲက အမႈိက္ကင္းစင္ေရးနဲ႔ ေရလုံအိမ္သာ သုံးစြဲေရး၊ ေက်ာင္းအေျချပဳ ေရာဂါကာကြယ္ေရးလုပ္ငန္း၊ ေက်ာင္းတြင္း အာဟာရဖြံ႕ၿဖိဳးေရးနဲ႔ အစားအစာေတြ အႏၲရာယ္ ကင္းရွင္းေရးလုပ္ငန္းနဲ႔ ေက်ာင္းက်န္းမာေရး ေစာင့္ေရွာက္တဲ့ လုပ္ငန္း စတဲ့ အခ်က္ ၅ ခ်က္နဲ႔ ေက်ာင္းက်န္းမာေရး ပညာေပးေဟာေျပာမႈေတြ ျပဳလုပ္တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024