ကွတ်ခိုင်တွင် တိုက်ပွဲဖြစ်၊ ဒဏ်ရာရသူများအား သွားသယ်သည့် လူမှုကူညီရေးကား ပစ်ခတ်ခံရ
ပိုင်စိုး
·
August 17, 2019
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲကြောင့် ဒဏ်ရာရနေတဲ့ တပ်မတော်သားတွေ သယ်ဖို့သွားတဲ့ လူမှုကူညီရေးကား ပစ်ခတ်ခံခဲ့ရပါတယ်။
ဒီ နေ့လယ်ပိုင်း ၂ နာရီခွဲလောက်က ဖြစ်ခဲ့ပြီး ဒဏ်ရာရသူတော့ မရှိဘူးလို့ သွားရောက်ခဲ့တဲ့ မေတ္တာရှင် လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
“အဲဒီက စစ်တပ်က ဒဏ်ရာရသူတွေနဲ့ ကျဆုံးသူတွေကို သယ်ချင်လို့ပါဆိုပြီး ဆက်သွယ်လာလို့ သွားတာ။ ကားလမ်းဘေး စောင့်နေမယ်ဆိုတော့ မတွေ့မချင်း မောင်းသွားတာ။ နမ့်ဖတ်ကာအထွက်၊ ရင်ခွဲတောင်ကြားမှာ ပစ်ခံရတာ။ ပစ်ခံရတော့ ကားပေါ်က ခုန်ဆင်းပြီး လမ်းဘေးဝပ်နေရတာပေါ့။ ပြီးမှ နောက်တစီးပေါ်ကို သွားရတာ” လို့ပြောပါတယ်။
ကားပေါ်မှာ လူ ၂ ယောက် ပါပြီး တယောက်ရဲ့ ပခုံးကို ရှပ်မှန်ခဲ့သလို ကားရှေ့မှန်ကွဲသွားတယ်လို့ သူက ပြောပါတယ်။
“ရှေ့ကားနဲ့ နောက်ကားက ကိုက် ၃၀၀ လောက်ဝေးတယ်။ နောက်ကားကတော့ အပစ်မခံရဘူး။ သူတို့က လမ်း ဟိုဘက်ဒီဘက် ပစ်နေကြတော့ တိုက်ပွဲကြားရောက်သွားတာပေါ့” လို့ ပြောပါတယ်။
အဲဒီနေရာမှာ မနက်ကတည်းက တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA) နဲ့ ကိုးကန့်အဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။
တိုက်ပွဲရပ်လောက်တဲ့အချိန်စောင့်ပြီး လူနာသွားသယ်တာဖြစ်ပြီး အခုတော့ ဒဏ်ရာရသူတွေနဲ့ ကျဆုံးသူတွေကို ၂ ခေါက်သယ်လာပြီးပြီလို့လည်း ပြောပါတယ်။
သိန္နီ-နမ့်ဇလပ် ရွာကြား ၁၃ မိုင်က တံတားတစင်း နဲ့ ၃၉ မိုင်-ကွမ်းလုံအကြား ၄၁ မိုင်က တံတားတစင်းတို့လည်း ဒီနေ့မနက်အစောပိုင်းက ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။
ဒါ့အပြင် လာရှိုးမြို့မှာ ဒီနေ့မနက်ပိုင်းက ပစ်ခတ်တာတွေကြောင့် ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့သွားတဲ့ လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ဝင်တွေရဲ့ ကားတစီးလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် အသင်းဥက္ကဋ္ဌ သေဆုံးသွားပါတယ်။ ဒီနေ့ နေ့လယ် ၁၂ နာရီလောက်ကလည်း လားရှိုးမြို့က လူနေအိမ် တချို့ပေါ်ကို လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး ကလေးတယောက် ဒဏ်ရာရခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ကြတ္ခိုင္တြင္ တိုက္ပြဲျဖစ္၊ ဒဏ္ရာရသူမ်ားအား သြားသယ္သည့္ လူမႈကူညီေရးကား ပစ္ခတ္ခံရ
ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္မွာ တိုက္ပြဲေၾကာင့္ ဒဏ္ရာရေနတဲ့ တပ္မေတာ္သားေတြ သယ္ဖို႔သြားတဲ့ လူမႈကူညီေရးကား ပစ္ခတ္ခံခဲ့ရပါတယ္။
ဒီ ေန႔လယ္ပိုင္း ၂ နာရီခြဲေလာက္က ျဖစ္ခဲ့ၿပီး ဒဏ္ရာရသူေတာ့ မရွိဘူးလို႔ သြားေရာက္ခဲ့တဲ့ ေမတၱာရွင္ လူမႈကူညီေရးအသင္း တာဝန္ရွိသူတေယာက္က ေျပာပါတယ္။
“အဲဒီက စစ္တပ္က ဒဏ္ရာရသူေတြနဲ႔ က်ဆုံးသူေတြကို သယ္ခ်င္လို႔ပါဆိုၿပီး ဆက္သြယ္လာလို႔ သြားတာ။ ကားလမ္းေဘး ေစာင့္ေနမယ္ဆိုေတာ့ မေတြ႕မခ်င္း ေမာင္းသြားတာ။ နမ့္ဖတ္ကာအထြက္၊ ရင္ခြဲေတာင္ၾကားမွာ ပစ္ခံရတာ။ ပစ္ခံရေတာ့ ကားေပၚက ခုန္ဆင္းၿပီး လမ္းေဘးဝပ္ေနရတာေပါ့။ ၿပီးမွ ေနာက္တစီးေပၚကို သြားရတာ” လို႔ေျပာပါတယ္။
ကားေပၚမွာ လူ ၂ ေယာက္ ပါၿပီး တေယာက္ရဲ႕ ပခုံးကို ရွပ္မွန္ခဲ့သလို ကားေရွ႕မွန္ကြဲသြားတယ္လို႔ သူက ေျပာပါတယ္။
“ေရွ႕ကားနဲ႔ ေနာက္ကားက ကိုက္ ၃၀၀ ေလာက္ေဝးတယ္။ ေနာက္ကားကေတာ့ အပစ္မခံရဘူး။ သူတို႔က လမ္း ဟိုဘက္ဒီဘက္ ပစ္ေနၾကေတာ့ တိုက္ပြဲၾကားေရာက္သြားတာေပါ့” လို႔ ေျပာပါတယ္။
အဲဒီေနရာမွာ မနက္ကတည္းက တပ္မေတာ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕ျဖစ္တဲ့ တအာင္းလြတ္ေျမာက္ေရးတပ္မေတာ္ (TNLA)၊ ရကၡိဳင့္တပ္မေတာ္ (AA) နဲ႔ ကိုးကန႔္အဖြဲ႕ (MNDAA) တို႔ တိုက္ပြဲျဖစ္ေနတာလို႔ သိရပါတယ္။
တိုက္ပြဲရပ္ေလာက္တဲ့အခ်ိန္ေစာင့္ၿပီး လူနာသြားသယ္တာျဖစ္ၿပီး အခုေတာ့ ဒဏ္ရာရသူေတြနဲ႔ က်ဆုံးသူေတြကို ၂ ေခါက္သယ္လာၿပီးၿပီလို႔လည္း ေျပာပါတယ္။
သိႏၷီ-နမ့္ဇလပ္ ႐ြာၾကား ၁၃ မိုင္က တံတားတစင္း နဲ႔ ၃၉ မိုင္-ကြမ္းလုံအၾကား ၄၁ မိုင္က တံတားတစင္းတို႔လည္း ဒီေန႔မနက္အေစာပိုင္းက ေဖာက္ခြဲဖ်က္ဆီးခံခဲ့ရပါတယ္။
ဒါ့အျပင္ လာရႈိးၿမိဳ႕မွာ ဒီေန႔မနက္ပိုင္းက ပစ္ခတ္တာေတြေၾကာင့္ ပိတ္မိေနသူေတြကို ကယ္ထုတ္ဖို႔သြားတဲ့ လားရႈိးလူငယ္မ်ား လူမႈကူညီေရးအဖြဲ႕ဝင္ေတြရဲ႕ ကားတစီးလည္း လက္နက္ႀကီးနဲ႔ ပစ္ခတ္ခံရတာေၾကာင့္ အသင္းဥကၠ႒ ေသဆုံးသြားပါတယ္။ ဒီေန႔ ေန႔လယ္ ၁၂ နာရီေလာက္ကလည္း လားရႈိးၿမိဳ႕က လူေနအိမ္ တခ်ိဳ႕ေပၚကို လက္နက္ႀကီး က်ေရာက္ ေပါက္ကြဲၿပီး ကေလးတေယာက္ ဒဏ္ရာရခဲ့ပါတယ္။