Home
မြန်မာသတင်း
တိုင်းရင်းသားခေါင်းဆောင်များကို အသိအမှတ်ပြုမှ စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိမည်
DVB
·
August 12, 2019
တိုင်းရင်းသားခေါင်းဆောင်တွေကို အသိအမှတ်ပြုနိုင်မှသာ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိမှာဖြစ်တယ်လို့ ၈၈ကရင်မျိုးဆက် ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေးအသင်း၊ ဗဟိုနာယက ဦးစောမောင်ကြီးက ပြောပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ၈၈ ကရင်မျိုးဆက်ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေး အသင်း(ဗဟို)ရုံးမှာ သြဂုတ် ၁၂ ရက် မနက်ပိုင်းက ကျင်းပတဲ့ ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားမှာ အခုလို ပြောဆိုလိုက်တာပါ။ အခမ်းအနားကို ကရင်တိုင်းရင်းသားတွေအတွက် အသက်ပေးလှူခဲ့တဲ့ ကရင်အာဇာနည်  ခေါင်းဆောင်ကြီးတွေကို အောက်မေ့သတိရပြီး ဂုဏ်ယူစေဖို့နဲ့ နောင်လာနောင်သားတွေ လက်ဆင့်ကမ်းအမွေအဖြစ် နှစ်စဉ်ကျင်းပဖို့ ရည်ရွယ်ပြီး ၆ ကြိမ်မြောက် ကျင်းပတာပါ။ ၈၈ ကရင်မျိုးဆက်ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေးအသင်း၊ ဗဟိုနာယက ဦးစောမောင်ကြီးက “တိုင်းရင်းသားတွေရဲ့အခွင့်အရေး သက်ဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်တွေ ကို အသိအမှတ်ပြု သတ်မှတ်နိုင်မှသာလျှင် ကျနော်တို့သွားလိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုရရှိမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိမှာ ဖြစ်တယ်”လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ ဖားနွဲ့ကျွန်းကျေးရွာ၊ ဒေါ်မြသွင်က“အဘွားတို့က အသက်ကြီးလို့ လိုက်မနိုင်တာ တခုပဲရှိတယ်။ ဒီလိုအောက်ကျနောက်ကျ နေခဲ့ရတဲ့ဘဝကလည်း ဝနေပါပြီ။ အစိုးရအနေနဲ့ ဗမာတကျပ် ကရင်တကျပ် တန်းတူညီမျှဖြစ်စေရမယ်။ ဒါကိုလိုချင်တာ”လို့ ပြောပါတယ်။ အခမ်းအနားမှာ ပြည်ထောင်စုအလံတော်ကို အလေးပြုခြင်း၊ ကျဆုံးခဲ့တဲ့ ကရင်အမျိုးသားခေါင်းဆောင်ကြီးတွေကို အလေးပြုခြင်း၊ ကရင်အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ၁ မိနစ်ငြိမ်သက်ပြီး ခရစ်ယာန်အသင်းတော်မှ ဆရာတော်က ဘုရားသခင် ကျေးဇူးတော်ချီးမွမ်းပေးခဲ့ပါတယ်။ အခမ်းအနားကို ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ၊ ရခိုင်ကျောင်းသားဟောင်း၊ စာရေးဆရာအသင်း(မြောက်ဥက္ကလာ)နဲ့ အဖွဲ့အသီးသီးကပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ပါတယ်။ ကရင်အာဇာနည်နေ့ကို ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာကျင်းပသလို မြန်မာနိုင်ငံအနှံအပြားနဲ့ ပြည်ပရောက် ကရင်တိုင်းရင်းသားတွေက မိမိတို့ရောက်ရှိတဲ့ဒေသတွေမှာ နှစ်စဉ်ကျင်းလေ့ရှိကြပါတယ်။ ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ကို ရန်ကုန်အပါအဝင် တိုင်းဒေသကြီးတချို့မှာ ကန့်ကွက်တားမြစ် ပိတ်ပင်မှုတွေရှိတဲ့ကြားက အခမ်းအနားကို မဖြစ်မနေကျင်းပခဲ့ကြပါတယ်။ သတင်း-ရဲမင်းခေါင်
တိုင္းရင္းသားေခါင္းေဆာင္မ်ားကို အသိအမွတ္ျပဳမွ စစ္မွန္သည့္ၿငိမ္းခ်မ္းေရးရရွိမည္ DVB တိုင္းရင္းသားေခါင္းေဆာင္ေတြကို အသိအမွတ္ျပဳႏိုင္မွသာ တိုင္းရင္းသားေတြ လိုလားတဲ့ ဖက္ဒရယ္ျပည္ေထာင္စုနဲ႔ စစ္မွန္တဲ့ၿငိမ္းခ်မ္းေရးကိုရရွိမွာျဖစ္တယ္လို႔ ၈၈ကရင္မ်ိဳးဆက္ ေက်ာင္းသားမ်ား၏ လူမႈဖြံ႕ၿဖိဳးေရးအသင္း၊ ဗဟိုနာယက ဦးေစာေမာင္ႀကီးက ေျပာပါတယ္။ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕ရွိ ၈၈ ကရင္မ်ိဳးဆက္ေက်ာင္းသားမ်ား၏ လူမႈဖြံ႕ၿဖိဳးေရး အသင္း(ဗဟို)႐ုံးမွာ ၾသဂုတ္ ၁၂ ရက္ မနက္ပိုင္းက က်င္းပတဲ့ ၆၉ ႏွစ္ေျမာက္ ကရင္အာဇာနည္ေန႔အခမ္းအနားမွာ အခုလို ေျပာဆိုလိုက္တာပါ။ အခမ္းအနားကို ကရင္တိုင္းရင္းသားေတြအတြက္ အသက္ေပးလႉခဲ့တဲ့ ကရင္အာဇာနည္ ေခါင္းေဆာင္ႀကီးေတြကို ေအာက္ေမ့သတိရၿပီး ဂုဏ္ယူေစဖို႔နဲ႔ ေနာင္လာေနာင္သားေတြ လက္ဆင့္ကမ္းအေမြအျဖစ္ ႏွစ္စဥ္က်င္းပဖို႔ ရည္႐ြယ္ၿပီး ၆ ႀကိမ္ေျမာက္ က်င္းပတာပါ။ ၈၈ ကရင္မ်ိဳးဆက္ေက်ာင္းသားမ်ား၏ လူမႈဖြံ႕ၿဖိဳးေရးအသင္း၊ ဗဟိုနာယက ဦးေစာေမာင္ႀကီးက “တိုင္းရင္းသားေတြရဲ႕အခြင့္အေရး သက္ဆိုင္ရာ တိုင္းရင္းသားေခါင္းေဆာင္ေတြ ကို အသိအမွတ္ျပဳ သတ္မွတ္ႏိုင္မွသာလွ်င္ က်ေနာ္တို႔သြားလိုတဲ့ ဖက္ဒရယ္ျပည္ေထာင္စုကိုရရွိမွာ စစ္မွန္တဲ့ၿငိမ္းခ်မ္းေရးကိုရရွိမွာ ျဖစ္တယ္”လို႔ ေျပာပါတယ္။ ဘားအံၿမိဳ႕နယ္၊ ဖားႏြဲ႕ကြၽန္းေက်း႐ြာ၊ ေဒၚျမသြင္က“အဘြားတို႔က အသက္ႀကီးလို႔ လိုက္မႏိုင္တာ တခုပဲရွိတယ္။ ဒီလိုေအာက္က်ေနာက္က် ေနခဲ့ရတဲ့ဘဝကလည္း ဝေနပါၿပီ။ အစိုးရအေနနဲ႔ ဗမာတက်ပ္ ကရင္တက်ပ္ တန္းတူညီမွ်ျဖစ္ေစရမယ္။ ဒါကိုလိုခ်င္တာ”လို႔ ေျပာပါတယ္။ အခမ္းအနားမွာ ျပည္ေထာင္စုအလံေတာ္ကို အေလးျပဳျခင္း၊ က်ဆုံးခဲ့တဲ့ ကရင္အမ်ိဳးသားေခါင္းေဆာင္ႀကီးေတြကို အေလးျပဳျခင္း၊ ကရင္အာဇာနည္ေခါင္းေဆာင္ႀကီးေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ ၁ မိနစ္ၿငိမ္သက္ၿပီး ခရစ္ယာန္အသင္းေတာ္မွ ဆရာေတာ္က ဘုရားသခင္ ေက်းဇူးေတာ္ခ်ီးမြမ္းေပးခဲ့ပါတယ္။ အခမ္းအနားကို ေကအဲန္ယူ ကရင္အမ်ိဳးသားအစည္းအ႐ုံး ဥကၠ႒၊ ရခိုင္ေက်ာင္းသားေဟာင္း၊ စာေရးဆရာအသင္း(ေျမာက္ဥကၠလာ)နဲ႔ အဖြဲ႕အသီးသီးကေပးပို႔လာတဲ့ သဝဏ္လႊာေတြကို ဖတ္ၾကားခဲ့ပါတယ္။ ကရင္အာဇာနည္ေန႔ကို ကရင္ျပည္နယ္အတြင္းမွာရွိတဲ့ တိုင္းရင္းသားလက္နက္ကိုင္ နယ္ေျမေတြမွာက်င္းပသလို ျမန္မာႏိုင္ငံအႏွံအျပားနဲ႔ ျပည္ပေရာက္ ကရင္တိုင္းရင္းသားေတြက မိမိတို႔ေရာက္ရွိတဲ့ေဒသေတြမွာ ႏွစ္စဥ္က်င္းေလ့ရွိၾကပါတယ္။ ၆၉ ႏွစ္ေျမာက္ ကရင္အာဇာနည္ေန႔ကို ရန္ကုန္အပါအဝင္ တိုင္းေဒသႀကီးတခ်ိဳ႕မွာ ကန႔္ကြက္တားျမစ္ ပိတ္ပင္မႈေတြရွိတဲ့ၾကားက အခမ္းအနားကို မျဖစ္မေနက်င္းပခဲ့ၾကပါတယ္။ သတင္း-ရဲမင္းေခါင္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024