Home
မြန်မာသတင်း
စဉ့်ကူးချောင်း ချောင်းရေအကျများ၍ ယာဉ်များဖြတ်သန်းခွင့် ယာယီပိတ်
DVB
·
August 11, 2019
မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မကွေးတိုင်း၊ ချောက်မြို့၊ ချောက်-ညောင်ဦး သွားကားလမ်းပေါ်ရှိ စဉ့်ကူချောင်းမှာ ဩဂုတ်ညနေပိုင်းက ချောင်းရေကျနေတာကြောင့် အန္တရာယ်မဖြစ်စေဖို့ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားတယ်လို့ ချောက်မြို့ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဌေးဝင်းက ပြောပါတယ်။ ''ချောင်းရေက ချောက်ဘက်အခြမ်းမှာ ကျတာပိုများတယ်၊ ညနေကလောက်တော့ ချောင်းရေက မများတော့ဘူး။ လူနဲ့ ဆိုင်ကယ်တွေကို ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တွေက တွဲပြီး ကူးပေးနေတယ်။ ချောင်းရဲ့ကြမ်းပြင်ကလည်း ချောင်းမြေသားဖြစ်တော့ ကားတွေဖြတ်သန်းဖို့ စိတ်မချရဘူး၊ အန္တရာယ်ဖြစ်မှာဆိုးလို့ ဒီညတော့ ဖြတ်သန်းခွင့် မပြုတော့ဘူး။''  မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးစိုးညွန့်က “ကားကတော့ကူးဖို့ မလွယ်တော့ဘူး၊ လမ်းပျက်သွားပြီ။ ဟိုဘက် နဲ့ဒီဘက် အိမ်စီးကားနဲ့ ကုန်တင်ယာဉ် ၄၀ ကျော်လောက်တော့ ပိတ်မိနေတယ်” လို့ ပြောပါတယ်။ ချောင်းရေကျနေရာကို ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအပါအဝင် ရဲ တပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေက ဖြတ်သန်းသွားလာသူတွေ အန္တရာယ်မဖြစ်စေရေဖို့ အသက်ကယ်ဘောကွင်းနဲ့ ကြိုးတွေ အသုံးပြု ကူညီပေးနေတယ်လို့ မြို့နယ် မီးသတ်ဦးစီ‌ေဌာနက သိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ပုဂံညောင်ဦး မြို့အဝင်ချောင်းတွေနဲ့ မြို့တွင်းရှိ ဝက်ကြီးအင်းချောင်းအပါအဝင် ချောင်း ၅ ခု ရေများနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ကိုလင်း(ချောက်)
စဥ့္ကူးေခ်ာင္း ေခ်ာင္းေရအက်မ်ား၍ ယာဥ္မ်ားျဖတ္သန္းခြင့္ ယာယီပိတ္ DVB မိုးသည္းထန္စြာ ႐ြာသြန္းတာေၾကာင့္ မေကြးတိုင္း၊ ေခ်ာက္ၿမိဳ႕၊ ေခ်ာက္-ေညာင္ဦး သြားကားလမ္းေပၚရွိ စဥ့္ကူေခ်ာင္းမွာ ဩဂုတ္ညေနပိုင္းက ေခ်ာင္းေရက်ေနတာေၾကာင့္ အႏၲရာယ္မျဖစ္ေစဖို႔ ေမာ္ေတာ္ယာဥ္ေတြ ျဖတ္သန္းသြားလာခြင့္ ယာယီပိတ္ထားတယ္လို႔ ေခ်ာက္ၿမိဳ႕ရဲတပ္ဖြဲ႕မႉး ရဲမႉး သိန္းေဌးဝင္းက ေျပာပါတယ္။ ''ေခ်ာင္းေရက ေခ်ာက္ဘက္အျခမ္းမွာ က်တာပိုမ်ားတယ္၊ ညေနကေလာက္ေတာ့ ေခ်ာင္းေရက မမ်ားေတာ့ဘူး။ လူနဲ႔ ဆိုင္ကယ္ေတြကို ရဲတပ္ဖြဲ႕ႏွင့္ မီးသတ္တပ္ဖြဲ႕ေတြက တြဲၿပီး ကူးေပးေနတယ္။ ေခ်ာင္းရဲ႕ၾကမ္းျပင္ကလည္း ေခ်ာင္းေျမသားျဖစ္ေတာ့ ကားေတြျဖတ္သန္းဖို႔ စိတ္မခ်ရဘူး၊ အႏၲရာယ္ျဖစ္မွာဆိုးလို႔ ဒီညေတာ့ ျဖတ္သန္းခြင့္ မျပဳေတာ့ဘူး။'' ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ ဦးစီးအရာရွိ ဦးစိုးၫြန႔္က “ကားကေတာ့ကူးဖို႔ မလြယ္ေတာ့ဘူး၊ လမ္းပ်က္သြားၿပီ။ ဟိုဘက္ နဲ႔ဒီဘက္ အိမ္စီးကားနဲ႔ ကုန္တင္ယာဥ္ ၄၀ ေက်ာ္ေလာက္ေတာ့ ပိတ္မိေနတယ္” လို႔ ေျပာပါတယ္။ ေခ်ာင္းေရက်ေနရာကို ေခ်ာက္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉးအပါအဝင္ ရဲ တပ္ဖြဲ႕ဝင္ေတြ၊ မီးသတ္တပ္ဖြဲ႕ဝင္ေတြက ျဖတ္သန္းသြားလာသူေတြ အႏၲရာယ္မျဖစ္ေစေရဖို႔ အသက္ကယ္ေဘာကြင္းနဲ႔ ႀကိဳးေတြ အသုံးျပဳ ကူညီေပးေနတယ္လို႔ ၿမိဳ႕နယ္ မီးသတ္ဦးစီ‌ေဌာနက သိရပါတယ္။ မိုးသည္းထန္စြာ႐ြာသြန္းတာေၾကာင့္ ပုဂံေညာင္ဦး ၿမိဳ႕အဝင္ေခ်ာင္းေတြနဲ႔ ၿမိဳ႕တြင္းရွိ ဝက္ႀကီးအင္းေခ်ာင္းအပါအဝင္ ေခ်ာင္း ၅ ခု ေရမ်ားေနတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။ ကိုလင္း(ေခ်ာက္)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024