Homeမြန်မာသတင်း
မိုးသည်းထန်စွာရွာသွန်းနေ၍ စစ်ရှောင်စခန်းများ တည်ဆောက်မှုမပြီးသေးဟု ရခိုင်ပြည်နယ်အစိုးရ ပြော
DVB
·
August 10, 2019
ရခိုင်ပြည်နယ်အတွင်း မိုးမကျမီ စစ်ဘေးရှောင်စခန်းတွေ ဆောက်ပေးမယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ပြောဆိုထားပေမယ့် တိုက်ပွဲတွေ ဖြစ်ပွားတာနဲ့ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မိုးလယ်ရောက်ချိန်ထိ မပြီးစီးနိုင်သေးဘူးလို့ သိရပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က “ဒါကတော့ အကြောင်းအမျိုးမျိုးရှိတက်ပါတယ်။ တချို့နေရာတွေမှာကျတော့ တိုက်ပွဲတွေကြောင့် လုပ်ရာကိုင်ရတာအဆင်မပြေတာလည်းရှိမယ်။ တချို့ကျတော့်လည်းမိုးသည်းထန်းစွာရာသွန်းလို့ ဖြစ်တာလည်းရှိကောင်းရှိပါမယ်။ အဲ့ဒါတွေက တနေရာနဲတနေရာ ပုံစံချင်းတော့ တူချင်မှတူမယ်။ အဲ့ဒါကြောင့်မို့ နှောင်းနှေးနေရတာပါ။ ဒါပေမယ့် အမြန်ဆုံးပြီးမြောက်ဖို့အတွက်တော့ ကျနော်တို့တိုက်က တွန်းနေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အရင်က စစ်ဘေးရှောင်းစခန်း အဆောက်အဦတွေကို ဇူလိုင်လအတွင်း ပြီးစီးဖို့ မျှောမှန်းထားပေမယ့် မပြီးစီးနိုင်တဲ့အတွက် ဒီလ သြဂုတ်လကုန်ပိုင်းလောက်မှာတော့ ပြီးစီးမယ် မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
အေအေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြားက စစ်ဘေးရှောင်တွေကို မိုးမကျမီ စစ်ဘေးရှောင်စခန်းတွေ ဆောက်ပေးမယ်လို့ ပြည်နယ် အစိုးရအဖွဲ့က ပြောဆိုထားပေမယ့် မိုးလယ်ရောက်လာတဲ့ အချိန်ထိ မပြီးစီးနိုင်သေးသလို တစ်ချို့စခန်းတွေက မတည် ဆောက်ရသေးတာကြောင့် ရခိုင်နိုင်ငံးရေးပါတီတွေကြား ဝေဖန်မှုတွေရှိနေပါတယ်။
ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက စစ်ဘေးရှောင်တွေကို အသိမှတ်ပြုပြီး တာဝန်ယူပေးဖို့ အဆိုတင်ရာမှာ ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးအောင်ကျော်ဇံက ဆောက်လုပ်ပေးဖို့ စီစဉ်ထားပြီး ဖြစ်ကြောင်း မေ ၉ ရက်နေ့က ပြည်နယ်လွှတ်တော်မှာ ဖြေဆိုထားပေမယ့် လက်ရှိချိန်ထိ အကောင်ထည်မပေါ်သေးတာဖြစ်ပါတယ်။
ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဒေသခံအရပ်ဘက်အဖွဲ့တွေ၊ စစ်ဘေးရှောင်တွေအတွက် ကူညီဖို့ အသင့်ရှိနေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင် ရွက်မှုမရှိဘဲ လုပ်ဆောင်နေတာဟာ မနိုင်ဝန်ထမ်းသလို ဖြစ်နေပြီး စီမံခန့်ခွဲမှုအပေါ်မှာ မူတည်နေတယ်လို့ ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ ALP က ထိပ်ပိုင်းခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
“ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဆောက်လုပ်ဖို့ အင်မတင်မှအရေးကြီးပါတယ်။ အစိုးရအဖွဲ့လုပ်နိုင်တာက ၅၀ ရာခိုင်နှုန်းရှိမယ်။ ဒါပေမယ့် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အန်ဂျီအိုတွေ။ အိုင်အန်ဂျီတွေရှိတယ်။ ပြည်သူတွေအတွက် အရမ်းအလုပ်လုပ်ကိုင် ချင်တဲ့အဖွဲ့တွေရှိတယ်။ သူတို့ တာဝန်ခွဲံပြီးလုပ်လိုက်မယ်ဆိုရင် မိုးရာသီးမတိုင်ခင်မှာ အမိုးအကာလုံလုံနဲ့ ပြီးမှာပါ။ အဲ့လိုမျိုး မနိုင်မနင်းတဲ့ ဝန်ကြီးတယောက်တည်း ထမ်းချက်ထက် ဒေသခံမှာ အခြေစိုက်တဲ့အ ဖွဲ့အစည်းတွေ ပူးပေါင်းရွက်မယ်ဆိုရင် အမြန်ဆုံးပြီးမှာပါ။”
တိုက်ပွဲဒေသက ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အသက်ဘေးလွတ်ရာကို ရှောင်တိမ်းလာကြတာဖြစ်တဲ့အတွက် လူသားချင်းစာနာထောက် ထားကာ ကူညီပေးဖို့ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရတို့မှာ တာဝန်ရှိနေပြီး လိုအပ်တဲ့အချိန်မှာ ကူညီမပေးနိုင်တဲ့ အားနည်းချက်တွေ ရှိတယ်လို့ ရခိုင်အမျိုးသားပါတီက ဆိုပါတယ်။
ရခိုင်စစ်ဘေးရှောင်တွေအတွက် စခန်းတွေ တည်ဆောက်ရေး အရင်က ၅ ဘီလီယံလျာထားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ၁.၆ သာဘီလီယံသာ သုံးစွဲတော့မယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
ရခိုင်ပြည်နယ်က စစ်ဘေးရှောင်အိမ်ထောင်း ၇၀၀၀ ကျော်စခန်းတွေ ဆောက်ဆောက်လုပ်ပေးဖို့ ပြည်ထောင်စု အစိုးရဆီမှာ အစောပိုင်းမှာ ၅ ဘီလီယံလျာထားပြီး တောင်းခံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်အစိုးရက ဆောက်လုပ်ပေးတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်လိုသူ အိမ်ထောင်စု ၁၁၀၀ ကျော်သာရှိနေတာကြောင့် ၁.၆ ဘီလီယံသုံးစွဲဖို့ လျှော့ချခဲ့တာလို့ ဆိုပါတယ်။
ပြည်နယ်အစိုးရအဖွဲ့တည်ဆောက်ပေးမယ့် စခန်းတွေမှာ နေထိုင်လိုသူတွေ အိမ်ထောင်စု ၁၁၄၇ ရှိနေပါတယ်။ အဲ့ဒီမှာ မြောက်ဦးမှာ ၃၉၅ စု၊ မင်းပြား ၁၄ စု၊ ပုဏ္ဏားကျွန်းမှာ ၂ဝ၁ စု၊ ပေါက်တော ၄ စု၊ ရသေ့တောင် ၄ဝ၅ စုနဲ့ ဘူးသီးတောင် ၁၂၈ စု ရှိနေတာပါ။
ရခိုင်ပြည်နယ်အစိုးရဘက်က စစ်ဘေးရှောင် ၁၁၀၀၀ ကျော်အတွက် ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်မှာ ၂ ခုစီ၊ နောက်ပြီးတော့ မြောက်ဦး၊ ပုဏ္ဏားကျွန်းနဲ့ မင်းပြားမြို့နယ်မှာ ၁ ခုစီ ဆောက်လုပ်ပေးမယ်လို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။
အရပ်အဖွဲ့တချို့ရဲ့ စာရင်းတွေအရတော့ ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်ထိ စစ်ဘေးရှောင်ပြည်သူ ၅ သောင်းကျော်ရှိလာနေပြီး အဘက်ဘက်က လိုအပ်ချက်တွေ ရှိနေပါတယ်။
သတင်း၊ဓာတ်ပုံ- ဝဏ္ဏခွာညို