Home
မြန်မာသတင်း
အမာမြို့တွင် မိုးသက်လေပြင်းကြောင့် နေအိမ်များ ပြိုကျပျက်စီး
DVB
·
August 6, 2019
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ် ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာမှာ သြဂုတ် ၅ ရက် နေ့လယ်ပိုင်းက မိုးသက်လေပြင်းကြောင့် လူနေတဲအိမ် ၆ လုံး ပြိုကျခဲ့ပြီး အိမ် ၈ လုံး အမိုးလန် ပျက်စီးခဲ့ပါတယ်။ ဘဝသစ်ကျေးရွာအုပ်စု၊ လေးပင်ချောင်ကျေးရွာမှာ ဓနိမိုး/ကာ၊ ပျဉ်ခင်း လူနေအိမ် ၁ လုံး ပြိုကျ ပျက်စီးခဲ့ပါတယ်။ ဂေါ်ဒူကျေးရွာမှာတော့ နေအိမ် ၁၄ လုံး ပြိုကျ၊ အမိုးလန် ပျက်စီးခဲ့တာကြောင့် အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ကျား ၃၃ ဦး၊ မ ၃၇ ဦး၊ ပေါင်း ၇၀ ဦးတို့ ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ယာယီပြောင်းရွှေ့နေထိုင်နေရပါတယ်။ လေးပင်ချောင်ကျေးရွာမှာတော့ အိမ်ထောင်စု ၁ စု၊ လူဦးရေ ၇ ဦး ဆွေမျိုးနေအိမ်တွေမှာ ယာယီပြောင်းနေထိုင်ကြပြီး စုစုပေါင်း နေအိမ် ၁၅ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းနေပြီး လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် လျှပ်တပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ဒီနေ့မနက်ပိုင်း ထုတ်ပြန်ထားပါတယ်။ ကုန်းမြင့်ဒေသအနီးနဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြု နေထိုင်ကြဖို့ အကြံပြုထားပါတယ်။ ကျော်စိုးမိုး
Zawgyi Version အမာၿမိဳ႕တြင္ မိုးသက္ေလျပင္းေၾကာင့္ ေနအိမ္မ်ား ၿပိဳက်ပ်က္စီး ေက်ာ္စိုးမိုး ဧရာဝတီတိုင္း၊ ဖ်ာပုံၿမိဳ႕နယ္၊ အမာၿမိဳ႕၊ ဘဝသစ္ ေက်းရြာအုပ္စု၊ ေဂၚဒူေက်း႐ြာမွာ ၾသဂုတ္ ၅ ရက္ ေန႔လယ္ပိုင္းက မိုးသက္ေလျပင္းေၾကာင့္ လူေနတဲအိမ္ ၆ လုံး ၿပိဳက်ခဲ့ၿပီး အိမ္ ၈ လုံး အမိုးလန္ ပ်က္စီးခဲ့ပါတယ္။ ဘဝသစ္ေက်းရြာအုပ္စု၊ ေလးပင္ေခ်ာင္ေက်းရြာမွာ ဓနိမိုး/ကာ၊ ပ်ဥ္ခင္း လူေနအိမ္ ၁ လုံး ၿပိဳက် ပ်က္စီးခဲ့ပါတယ္။ ေဂၚဒူေက်းရြာမွာေတာ့ ေနအိမ္ ၁၄ လုံး ၿပိဳက်၊ အမိုးလန္ ပ်က္စီးခဲ့တာေၾကာင့္ အိမ္ေထာင္စု ၁၄ စု၊ လူဦးေရ က်ား ၃၃ ဦး၊ မ ၃၇ ဦး၊ ေပါင္း ၇၀ ဦးတို႔ ေက်းရြာဘုန္းေတာ္ႀကီးေက်ာင္းမွာ ယာယီေျပာင္းေရႊ႕ေနထိုင္ေနရပါတယ္။ ေလးပင္ေခ်ာင္ေက်းရြာမွာေတာ့ အိမ္ေထာင္စု ၁ စု၊ လူဦးေရ ၇ ဦး ေဆြမ်ိဳးေနအိမ္ေတြမွာ ယာယီေျပာင္းေနထိုင္ၾကၿပီး စုစုေပါင္း ေနအိမ္ ၁၅ လုံး ပ်က္စီးဆုံးရႈံးခဲ့ပါတယ္။ ဘဂၤလားပင္လယ္ေအာ္ ေျမာက္ပိုင္းမွာ ေလဖိအားနည္းရပ္ဝန္း ပိုမိုအားေကာင္းေနၿပီး ေလျပင္းတိုက္ခတ္ျခင္းႏွင့္အတူ မိုးသည္းထန္စြာ ရြာသြန္းျခင္းတို႔ေၾကာင့္ လွ်ပ္တျပက္ ေရႀကီးျခင္း၊ ေျမၿပိဳျခင္းမ်ား ျဖစ္ေပၚႏိုင္တယ္လို႔ မိုးဇလက ဒီေန႔မနက္ပိုင္း ထုတ္ျပန္ထားပါတယ္။ ကုန္းျမင့္ေဒသအနီးနဲ႔ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီး ေနထိုင္ၾကသူေတြအေနနဲ႔ ေျမၿပိဳမႈအႏၲရာယ္နဲ႔ ေရႀကီး၊ ေရလွ်ံမႈေတြ ျဖစ္ေပၚႏိုင္တာေၾကာင့္ ႀကိဳတင္သတိျပဳ ေနထိုင္ၾကဖို႔ အႀကံျပဳထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024