Home
မြန်မာသတင်း
အပစ်ရပ် ကေအန်ယူနှင့် မွန်ပြည်သစ်ပါတီကို နိပွန်ဖောင်ဒေးရှင်းက ဒေါ်လာ သိန်း ၃၀၀ ထောက်ပံ့မည်
DVB
·
August 4, 2019
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးအသား အစည်းအရုံး နဲ့ မွန်ပြည်သစ်ပါတီတို့ရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို နိပွန်ဖောင်ဒေးရှင်းက အမေရိကန် ဒေါ်လာ သိန်း ၃၀၀ ထောက်ပံ့ပေးသွားမယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။ နိပွန်ဖောင်ဒေးရှင်းဟာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် အခုလို ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။  ဒီလို ထောက်ပံ့ပေးတဲ့နေရာမှာ လူနေအိမ်နဲ့ စာသင်ကျောင်း တည်ဆောက်တာတွေ၊ ဆိုလာမီး တပ်ဆင်တာတွေနဲ့ စက်ယန္တရားတွေကို ထောက်ပံ့ပေးသွားမယ်လို့မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောပါတယ်။   မွန်ပြည်နယ်မှာ လုပ်ဆောင်ဖို့ အကြမ်းဖျင်း သဘောတူထားတဲ့လုပ်ငန်းတွေမှာတော့ နေအိမ်အလုံး ၃၃၀ တည်ဆောက်တာ၊ ဆေးပေးခန်း ၂ ခုတည်ဆောက်တာ၊ မွန်အမျိုးသားကျောင်း ၆ ကျောင်း တည်ဆောက်တာနဲ့ ဆိုလာမီးအစုံ၂၃၀၀ တပ်ဆင်ပေးဖို့နဲ့ စက်ယန္တရား ၃ စီး ထောက်ပံ့ပေးဖို့ စီစဉ်ထားတာပါ။  ဒီလုပ်ငန်းတွေကို မွန်ပြည်သစ် ထိန်းချုပ်နယ်မြေတွေမှာ အများဆုံးလုပ်ဆောင်သွားမှာ ဖြစ်ပြီး၊ လုပ်ငန်းစတင်နိုင်ဖို့အတွက် ဇူလိုင် ၃၁ ရက်က မွန်ပြည်နယ်အစိုးရ၊ မွန်ပြည်သစ်ပါတီနဲ့ နိပွန်ဖောင်ဒေးရှင်းတို့ တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင်ကတော့ ဒီလုပ်ငန်းတွေကို အောက်တိုဘာလ စတင်ပြီး လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ နိပွန်ဖောင်ဒေးရှင်းဟာ ပြီးခဲ့တဲ့ ဧပြီလကလည်း မွန်ပြည်သစ်ပါတီရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် စက်ယန္တရားတွေကို ရေးမြို့နယ် ကိုရင်လေးကျောင်းမှာ အခမ်းအနားနဲ့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။   ဇော်လွင်ထွဋ်
အပစ္ရပ္ ေကအန္ယူႏွင့္ မြန္ျပည္သစ္ပါတီကို နိပြန္ေဖာင္ေဒးရွင္းက ေဒၚလာ သိန္း ၃၀၀ ေထာက္ပံ့မည္ DVB တႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (အန္စီေအ) လက္မွတ္ေရးထိုးထားတဲ့ ကရင္အမ်ိဳးအသား အစည္းအ႐ုံး နဲ႔ မြန္ျပည္သစ္ပါတီတို႔ရဲ႕ ဖြံ႕ၿဖိဳးေရး လုပ္ငန္းေတြကို နိပြန္ေဖာင္ေဒးရွင္းက အေမရိကန္ ေဒၚလာ သိန္း ၃၀၀ ေထာက္ပံ့ေပးသြားမယ္လို႔ မြန္ျပည္နယ္အစိုးရအဖြဲ႕က ေျပာပါတယ္။ နိပြန္ေဖာင္ေဒးရွင္းဟာ အပစ္ရပ္လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြရဲ႕ ျပန္လည္ထူေထာင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ အခုလို ေထာက္ပံ့ေပးေနတာ ျဖစ္ပါတယ္။ ဒီလို ေထာက္ပံ့ေပးတဲ့ေနရာမွာ လူေနအိမ္နဲ႔ စာသင္ေက်ာင္း တည္ေဆာက္တာေတြ၊ ဆိုလာမီး တပ္ဆင္တာေတြနဲ႔ စက္ယႏၲရားေတြကို ေထာက္ပံ့ေပးသြားမယ္လို႔မြန္ျပည္နယ္ အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးျမင့္သန္းဝင္းက ေျပာပါတယ္။ မြန္ျပည္နယ္မွာ လုပ္ေဆာင္ဖို႔ အၾကမ္းဖ်င္း သေဘာတူထားတဲ့လုပ္ငန္းေတြမွာေတာ့ ေနအိမ္အလုံး ၃၃၀ တည္ေဆာက္တာ၊ ေဆးေပးခန္း ၂ ခုတည္ေဆာက္တာ၊ မြန္အမ်ိဳးသားေက်ာင္း ၆ ေက်ာင္း တည္ေဆာက္တာနဲ႔ ဆိုလာမီးအစုံ၂၃၀၀ တပ္ဆင္ေပးဖို႔နဲ႔ စက္ယႏၲရား ၃ စီး ေထာက္ပံ့ေပးဖို႔ စီစဥ္ထားတာပါ။ ဒီလုပ္ငန္းေတြကို မြန္ျပည္သစ္ ထိန္းခ်ဳပ္နယ္ေျမေတြမွာ အမ်ားဆုံးလုပ္ေဆာင္သြားမွာ ျဖစ္ၿပီး၊ လုပ္ငန္းစတင္ႏိုင္ဖို႔အတြက္ ဇူလိုင္ ၃၁ ရက္က မြန္ျပည္နယ္အစိုးရ၊ မြန္ျပည္သစ္ပါတီနဲ႔ နိပြန္ေဖာင္ေဒးရွင္းတို႔ ေတြ႕ဆုံညႇိႏႈိင္းခဲ့ပါတယ္။ မြန္ျပည္သစ္ပါတီ ဗဟိုေကာ္မတီဝင္ ႏိုင္ဟံသာဗြန္ခိုင္ကေတာ့ ဒီလုပ္ငန္းေတြကို ေအာက္တိုဘာလ စတင္ၿပီး လုပ္ေဆာင္သြားဖို႔ စီစဥ္ထားတယ္လို႔ ေျပာပါတယ္။ နိပြန္ေဖာင္ေဒးရွင္းဟာ ၿပီးခဲ့တဲ့ ဧၿပီလကလည္း မြန္ျပည္သစ္ပါတီရဲ႕ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ စက္ယႏၲရားေတြကို ေရးၿမိဳ႕နယ္ ကိုရင္ေလးေက်ာင္းမွာ အခမ္းအနားနဲ႔ လႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။ ေဇာ္လြင္ထြဋ္ေပ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024