Home
မြန်မာသတင်း
အုတ်တွင်းဆေးရုံကြီးအတွင်း ရေ၀င်ရောက်လာသဖြင့် လူနာအချို့ ရွှေ့ပြောင်းခဲ့ရ
DVB
·
July 28, 2019
ပဲခူးတိုင်း အုတ်​တွင်းမြို့နယ် ​ဆေးရုံကြီးမှာ​ ဇူလိုင် ၂၇ ရက်နေ့ မနက်​အ​စောပိုင်းက မိုးအဆက်မပြတ်ရွာသွန်းပြီး ​ရေ​ဝင်​​ရောက်​လာတာ​ကြောင့်​ လူနာ​တွေကို​ ရွှေ့​ပြောင်းထားရတယ်​လို့ သိရပါတယ်​။ ​တောင်​ငူခရိုင်​၊ အုတ်​တွင်းမြို့နယ်​၊ ဆေးရုံကြီးမှာ ဇူလိုင်​ ၂၇ ရက်​​နေ့မနက်​အ​စောပိုင်းက ​ရေ​ တဖြည်းဖြည်း ဝင်​​ရောက်​လာတာ​ကြောင့်​ လူနာအချို့ကို ​တောင်​ငူ​ဆေးရုံကြီးကို လွှဲ​ပြောင်​လိုက်​ပြီး ခွဲလူနာအချို့ကို သံဃာ့​ဆောင်​ကို ပို့ဆောင်​ထားတယ်​လို့ မီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ မ​နေ့က မိုးအဆက်​မပြတ်​ ရွာသွန်းတာ​ကြောင့်​​ ​ရေသိုး​ရေပိုလွှဲဆည်​က ​ရေလွှတ်​တာရယ်​၊ ရိုး​လေး​ချောင်း​ ​ရေလျှံတာ​တွေ​ရယ်​​ကြောင့်​ အခုလို​​ ရေ​ဝင်​​ရောက်​လာတာလို့ သိရပါတယ်​။ ရေ၀င်ရောက်လာတာကြောင့် ​အ​ရေးကြီးလူနာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို ​တောင်​ငူ​ဆေးရုံကြီးကို လွှဲ​ပြောင်း​ထားရပြီး ခွဲ​မွေးလူနာအချို့ကို​ သံဃာ​ဆေးရုံ​ဆောင်​ ပို့​ဆောင်​ထားရပါတယ်။ ရေဝင်​​ရောက်​​နေတာ​ကြောင့်​ မီးဖြတ်​ထားရပြီး လူနာတွေရဲ့သ​ဘောဆန္ဒအရ လူနာ ၆ ဦးအား ​တောင်​ငူ​ဆေးရုံကို ည​နေပိုင်းမှာ ထပ်​မံ​ပြောင်​​ရွှေ့​ပေးခဲ့ရတယ်လို့ သိရပါတယ်။ လက်​ရှိအုတ်​တွင်း​ ဆေးရုံသံဃာ​ဆောင်​မှာ ခွဲ​မွေးလူနာ ၃ ဦး၊ သက်​ကြီးနာမကျန်းလူနာအဖိုးအို ၁ ဦးနဲ့ က​လေးလူနာ ၃ ဦး စုစု​ပေါင်း ၇ ဦးသာ ကုသမှုခံယူနေပါတယ်။ လူနာတွေ ပြောင်း​ရွှေ့ရာမှာ မြို့နယ်​အုပ်​ချုပ်​​ရေးအဖွဲ့တွေ၊ ရဲတပ်​ဖွဲ့ဝင်တွေ၊ မီးသတ်​တပ်​ဖွဲဝင်တွေနဲ့ ကူညီမှုအသင်းတို့က ဝိုင်​ဝန်းကူညီ​ရွှေ့​ပြောင်း​ပေးခဲ့ကြပါတယ်။ ဇူလိုင် ၂၈ ရက်နေ့မှာတော့ ရေပြန်ကျသွားပြီဖြစ်ပြီး မြို့နယ်​မီးသတ်​တပ်​ဖွဲ့ဝင်​တွေက ​​​ရေအတက်​အကျ အ​ခြေ​နေကို စောင့်​ကြည့်​နေတယ်​လို့ သိရပါတယ်​။ သားကြီး(​တောင်​ငူ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024