Home
မြန်မာသတင်း
DVB
·
July 27, 2019
ရှမ်းပြည်နယ် ​တောင်​ကြီးမြို့​ပေါ်မှာ လူဦး​ရေ များလာတာနဲ့အမျှ  ​နေ့စဉ်​ယာဉ်​တိုက်​မှုနဲ့ ယာဉ်​​ကြောပိတ်​ဆို့မှုဖြစ်​​ပေါ်​တာကို ​ဖြေရှင်းဖို့ မီးပွိုင့်​​တွေ ထပ်​မံတပ်​ဆင်​သွားမှာဖြစ်​ပါတယ်​။ အဓိက လူသွားလူလာများတဲ့​နေရာ​တွေ၊ လမ်းဆုံ​တွေမှာ ယာဉ်​​ကြောပိတ်​ဆို့မှုဖြစ်​ပြီး ယာဉ်​တိုက်​မှု မကြာခဏဖြစ်​ပွားကာ မလိုအပ်​ဘဲ အသက်​ဆုံးရှုံးသွားရတဲ့ ပြဿနာကို ​ဖြေရှင်းနိုင်​ဖို့ဖြစ်​တယ်လို့ အမှတ် ၁၈ ယာဉ်ထိန်းတပ်ဖွဲ့မှူး ရဲမှူး မျိုးဇော်အောင်က ပြောပါတယ်။ ​တောင်​ကြီး အ​နောက်​မြို့ပတ်​လမ်း၊ ကံသာဓမ္မာရုံလမ်းဆုံနဲ့ ​တောင်​ကြီး ​အေးသာယာအစပ်​ ​တောင်​ကြီးမြို့အဝင်​မှာ တပ်​ဆင်​သွားမှာဖြစ်​ပါတယ်​။ ကံသာဓမ္မာရုံနားမှာဆိုရင်​ ​မြို့မရပ်​ကွက်​၊ ကံသာရပ်​ကွက်​နဲ့ ​ဟော်​ကုန်းရပ်​ကွက်​ဆုံတဲ့​နေရာဖြစ်​ပြီး ​ကျောင်းဖွင့်​ချိန်​ ​ကျောင်းဆင်းချိန်​က ယာဉ်​​ကြောပိတ်​ဆို့မှု အများဆုံးနဲ့ ယာဉ်​တိုက်​မှု အများဆုံးဖြစ်​ပွားတယ်​လို့  မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်သန်းလေးက ပြောပါတယ်။ ​တောင်​ကြီး တ​မြို့လုံးမှာ လက်​ရှိ မီးပွိုင့်​ ၁၂ ခု တပ်​ဆင်​ထားပြီး ​နောက်​ထပ်​နှစ်​ခုထပ်​မံတပ်​ဆင်​သွားမှာဖြစ်​ပါတယ်​။ မီးပွိုင့်​တပ်​ဆင်​တာဟာ ယာဉ်​ထိန်းတပ်​ဖွဲ့ လုံ​လောက်​မှုမရှိတာကို​ ဖြေရှင်းနိုင်​တယ်​လို့ သိရပါတယ်​။ ​    တောင်​ကြီးမြို့မှာ ​၂၀၁၉ ဇန်​န၀ါရီမှ ဇွန်​လအထိ ယာဉ်​တိုက်​မှု ၂၄၀ မှု၊ ဒဏ်​ရာရသူ ၃၅၃ ဦး၊ ​သေဆုံးသူ ၁၂၈ ဦးရှိပြီး ပြီးခဲ့တဲ့​နှစ်​ထက်​ အနည်းငယ်​ပိုများတယ်​လို့ သိရပါတယ်။ ခွန်​ရာဇာ
Live
About DVB
The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2024