Home
မြန်မာသတင်း
ဖျာပုံမြို့တွင် မူလတန်းကျောင်းအုပ်ဆရာ ၁ ဦးထံက WY စိတ်ကြွဆေးပြားများဖမ်းမိ
DVB
·
July 25, 2019
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြိုမှာ မူလတန်းကျောင်းအုပ်ဆရာ တဦး ထံကနေ WY စိတ်ကြွဆေးပြားတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး ဖျာပုံရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။ ဖျာပုံရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေနဲ့ အမှတ်(၅၀)မူးယစ်တပ်ဖွဲ့ဝင်တွေက အသိသက်သေတွေနဲ့ အတူ ဇူလိုင် ၂၄ ရက်နေ့က မူးယစ်ဆေးဝါသတင်းအရ ဖျာပုံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ၁၃လမ်းမှာ စောင့်ဆိုင်းနေစဉ် ဖျာပုံမြို့နယ်၊ ကျုံးဝါးကျေးရွာ အ.မ.က. ကျောင်းအုပ် ဝဏ္ဏ(ခ)ထက်ဝေဖြိုးနဲ့ အောင်ကို (ခ)စာကလေးတို့ နှစ်ဦးကို မသင်္ကာလို့ရှာဖွေခဲ့ရာ ဝဏ္ဏ(ခ)ထက်ဝေဖြိုး ဝတ်ဆင်ထားတဲ့ ပုဆိုးခါးကြားထဲက WY စာတန်းပါ လိမ္မော်ရောင်ဆေးပြား ၃၁ ပြားနဲ့  Mi အမျိုးအစား လက်ကိုင်ဖုန်း၁ လုံး၊ အောင်ကို(ခ)စာကလေးထံက Mi အမျိုးအစား ဖုန်းတစ်လုံး၊ Honda Wave 100 နဲ့အတူ ဖမ်းမိခဲ့ပါတယ်။ စစ်ဆေးချက်အရ ဖမ်းဆီးရမိတဲ့ WY ဆေးပြားတွေကို  ဖျာပုံမြို့၊ အမှတ်(၇)ရပ်ကွက် ၊၁၃ လမ်းနေ ကိုဇော်(ခ)ဇော်ထွန်းနိုင်ထံက ဆေးပြား တပြားကို ကျပ် ၂၀၀၀နဲ့ ၃၁ ပြား ဝယ်ယူခဲ့ကြောင်းစစ်ဆေးသိရှိရလို့ ဇော်ထွန်းနိုင်နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ မူးယစ်ဆေးဝါး မတွေ့ရှိပေမယ့် သူ့ရဲ့ လက်ကိုင်ဖုန်းမှာ ကျောင်းအုပ်ဝဏ္ဏ(ခ)ထက်ဝေဖြိုးရဲ့ ဖုန်းနံပါတ်နဲ့ လတ်တလော ဆက်သွယ်ထားတာကို တွေ့ရှိရလို့ ရှာဖွေပုံစံရေးသွင်း သိမ်းဆည်းခဲ့တယ်လို့ ရဲမှတ်တမ်း အရ သိရပါတယ်။ ဒါ့ကြောင့် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ  ဖျာပုံမြို့ (၈)ရပ်ကွက်နေ ဝဏ္ဏ(ခ)ထက်ဝေဖြိုး၊ (၇)ရပ်ကွက်နေသူ အောင်ကို(ခ)စာကလေးနဲ့ (၇)ရပ်ကွက်နေ  WY စိတ်ကြွဆေးပြားတွေ ဖြန့်ဖြူးရောင်းချပေးနေသူ ကိုဇော်(ခ)ဇော်ထွန်းနိုင်တို့ ၃ ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ဒုရဲမှူး ညီညီလွင်က အမှုဖွင့် အရေးယူထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024