ချင်းတွင်းမြစ်အတွင်း ကျောက်မီးသွေးတင် တွဲသင်္ဘောတစီး နစ်မြုပ်
DVB
·
July 15, 2019
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ် ဇီးဒောင့်ကျေးရွာအနီး ချင်းတွင်းမြစ်ထဲမှာ ဇူလိုင် ၁၅ ရက် မနက် ၇ နာရီလောက်က ကျောက်မီးသွေးတင် တွဲသင်္ဘောတစီး နစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။
"ဇီးဒေါင့်ကျေးရွာနှားမှာ ဖြစ်တာပါ။ တက်မနဲ့ တုံးညှပ်၍ ကျောက်ဆောင်နဲ့တိုက်မိပြီး ဝမ်းဗိုက်ပေါက် တိမ်းမှောက်မှုဖြစ်တာ။ သင်္ဘောကတော့ ရွှေကျင်ကျေးရွာနားက သောင်ခုံမှာ မှောက်လျက်တင်နေတာ။ လူတွေ ထိခိုက်မှုမရှိဘူး" လို့ ကလေးဝမြို့ နယ်ထိန်းရဲတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။
အဲ့ဒီကျောက်မီးသွေးတင် တွဲသင်္ဘောဟာ ထူးဟန်သစ်ကုမ္ပဏီက ကလေးဝမြို့ သစ်ချောက် ကျောက်မီးသွေးတွင်းဘက်ကနေ ကျောက်မီးသွေးတန်ချိန် ၁၇၅၁.၉ တန် တင်ဆောင်လာပြီး လူ ၉ ဦး လိုက်ပါလာတာပဲ ဖြစ်ပါတယ်။
ရေယာဉ်အုပ် ဦးကိုနိုင် မောင်းနှင်တဲ့ ဇွဲမြင့်ထွန်း ၇ တွဲဖြစ်ပြီး လိုက်ပါလာတဲ့ လူ ၉ ဦးမှာ ထိခိုက်မှုမရှိဘဲ ကျောက်မီးသွေးအားလုံးကတော့ ဆုံးရှုံးခဲ့ပါတယ်။
မင်းရဲစစ်နိုင်