ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 14, 2019
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင်တအိတ်ကို ၈၂၉၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာလည်း မတ်ပဲ (သစ်) တအိတ်ကို ၈၀၀၀၀ ကနေ ၈၃၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲစင်းငုံနီ
မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) က ပိဿာ ၆၀ ဝင် တအိတ်ကို ၁၀၂၀၀၀ ပေါက်ဈေးရှိပါတယ်။ ပေါင်းတည်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၉၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပေါင်းတည်ကုန်စည်ဒိုင်မှာ တအိတ်ကို ၃၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
ကုလားပဲ (ဗွီတူး)
မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ (ဗွီတူး) က ၅၇ ဒသမ ၂၅ ပိဿာဝင်တအိတ်ကို ၈၃၀၀၀ ကနေ ၈၃၅၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ပေါင်းတည်ကုန်စည်ဒိုင်မှာ ကုလားပဲ (ဗွီတူး) တအိတ်ကို ၈၄၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပေါင်းတည်ကုန်စည်ဒိုင် ၅၀၀ ကျပ် ဈေးကွာခြားပါတယ်။
မြေပဲလုံးဆံနီ
မန္တလေးကုန်စည်ဒိုင်မှာ မြေပဲလုံးဆံနီက တပိဿာကို ၃၄၀၀ ကနေ ၃၇၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံးဆံနီ တပိဿာကို ၃၃၀၀ ကနေ ၃၃၅၀ အထိ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၃၅၀ ကျပ် ဈေးကွာခြားပါတယ်။
နှမ်းညို
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင်တအိတ်ကို ၁၆၀၀၀၀ ပေါက်ဈေး ရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းညိုတအိတ်ကို ၁၅၆၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၄၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
နှမ်းနက်
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်က ၄၅ ပိဿာဝင်တအိတ်ကို ၁၆၀၀၀၀ ကနေ ၁၆၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းနက်တအိတ်ကို ၂၂၅၀၀၀ ကနေ ၂၄၀၀၀၀ အထိ ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၇၅၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA