ကရင်ပြည်နယ် သစ်တောပိုင်နယ်မြေအတွင်း ကျူးကျော်မြေများကို ရှင်းလင်းပြီး သစ်ပင်စိုက်
DVB
·
June 2, 2019
ကရင်ပြည်နယ် သစ်တောပိုင်နယ်မြေအတွင်း ကျူးကျော်မြေတွေကို စနစ်တကျရှင်းလင်းပြီး သစ်ပင်စိုက်တဲ့အစီအစဉ်ကို မြ၀တီမြို့နယ် ရွှေမြစန္ဒီမြို့သစ်အနီးမှာ ဇွန် ၁ ရက်နေ့ သစ်ပင်စိုက်ပွဲကျင်းပခဲ့တာပါ။
သစ်တောပိုင်မြေယာတွေကို ရွာနေပြည်သူတွေက ကျူးကျော်နေထိုင်တဲ့အတွက် စနစ်တကျရွှေ့ပြောင်းပြီးတော့ သစ်ပင်ပြန်စိုက်နေတာပါ။
ကျူးကျော်ရွာသားတွေကိုလည်း အရေးယူတာတွေမလုပ်ဘဲ သစ်ပင်ပြန်စိုက်ခိုင်းတာတွေနဲ့ သစ်ပင်ထိန်းသိမ်းဆောင်ရွက်တာတွေကို ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကိုယ်တိုင် ဆောင်ရွက်နေပါတယ်။
ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့အတူ ကရင့်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဒီကေဘီအေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောစတီး၊ ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ဗိုလ်ချုပ် နော်ကပေါ်မှူး စတဲ့ခေါင်းဆောင်တွေအပြင် လက်နက်ကိုင်တပ်ဖွဲ့အသီးသီက တာဝန်ရှိသူတွေ ပူးပေါင်းပြီး သစ်ပင်စိုက်ခဲ့ကြပါတယ်။
မြ၀တီမြို့ ရွှေမြစန္ဒီမြို့သစ်စီမံကိန်းဟာ အရင်က စနစ်တကျတည်ထောင်ထားတာ မဟုတ်တာကြောင့် ကရင်ပြည်နယ်အစိုးက ပြန်လည်သိမ်းဆည်းပြီး ကျူးကျော်နေထိုင်သူတွေထဲက အမှန်တကယ်နစ်နာပြီး အထောက်အထား ခိုင်လုံသူတွေကို (၂၀×၆၀)(၄၀×၆၀) အကွက်တွေ သတ်မှတ်ပြီး ပြန်လည်နေရာချပေးတားပါတယ်။ ကျန်မြေတွေထဲမှာ သစ်တောပိုင်မြေကိုတော့ ဇွန်လ ၁ ရက်နေ့မှာ သစ်ပင်တွေ ပြန်လည်စိုက်ပျိုးခဲ့ပါတယ်။
သတင်း- ဖိုးစီ