ပျိုးပင်လေးတွေ ပြန်ကမ်းတဲ့ မင်္ဂလာဆောင် (ဓာတ်ပုံ)
DVB
·
May 25, 2019
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့က ဒီနေ့လုပ်တဲ့ မင်္ဂဆောင်တခုမှာ လာရောက်တဲ့ ပရိသတ်တွေကို ပျိုးပင်လေးတွေ လက်ဆောင်အဖြစ် ပြန်ကမ်းခဲ့ပြီး လူတွေ စိတ်ဝင်တစားရှိခဲ့ကြပါတယ်။
ဒီမင်္ဂလာဆောင်က ပုံတွေကို ဓာတ်ပုံရိုက်ခဲ့သူ စိုင်းလူခေးက သူ့ရဲ့ လူမှုကွန်ရက်မှာ တင်ထားပြီး နာရီပိုင်းအတွင်းမှာပဲ ကြိုက်နှစ်သက်တယ်လို့ ပြသသူ ၅၀၀၀ ကျော်နဲ့ ပြန်လည်ဝေမျှသူ ၁၆၀၀ ကျော်ရှိခဲ့ပါတယ်။
ပင်းတယမြို့က ဓနုတိုင်းရင်းသား ကိုထိန်လင်းနဲ့ ရန်ကုန်မြို့က မအေမီဖြိုးသင်းတို့ရဲ့ မင်္ဂလာဧည့်ခံပွဲဖြစ်ပါတယ်။
ပွဲလာတဲ့ ဧည့်သည်တွေဟာ ချယ်ရီ၊ ထင်းရှူး၊ ဝက်သစ်ချ၊ စိန်ပန်း၊ ခရေနဲ့ ကုက္ကိုလ်ပင်လေးတွေထဲက ကြိုက်ရာကိုရွေးယူသွားပြီး ကိုယ်ကြိုက်နှစ်သက်တဲ့နေရာမှာ ပြန်လည်ပြုစုပျိုးထောင်နိုင်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - စိုင်းလူခေး