မူးယစ်ဆေးအစား အားကစားကို စိတ်ဝင်စားစေရေး နိုင်ငံအနှံ့ တကိုယ်တော် စက်ဘီးစီး
DVB
·
May 11, 2019
လူငယ်တွေ မူးယစ်ဆေးအစား အားကစားအပေါ် စိတ်ဝင်စားစေဖို့ ရည်ရွယ်ပြီး တိုင်းနဲ့ပြည်နယ် ၁၄ ခုကို တကိုယ်တော် စက်ဘီးစီးသူဟာ ဝမ်းတွင်းမြို့ကို မေလ ၁၀ ရက်နေ့က ရောက်ရှိလာပါတယ်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၂ ရှိ ခရိုင်အားကစားကွင်းကနေ မေလ ၉ ရက် မနက်က စတင်ထွက်လာတဲ့ တကိုယ်တော် စက်ဘီးစီးသူ ကိုကျော်ကျော်ဝင်း (ခ) ဦးစနေဟာ လူငယ်တွေ အားကစားအပေါ် စိတ်ဝင်စားစေဖို့ တိုင်းနဲ့ပြည်နယ် ၁၄ ခုကို စက်ဘီးစီးသွားမှာပါ။
အသက် ၄၇ နှစ် အရွယ် တကိုယ်တော်စက်ဘီးစီးနင်းသူဟာ ၁၉၉၃-၉၄ လောက်က မန္တလေးစည်ပင်မှာ စက်ဘီးစီးအားကစားနဲ့ ၆ နှစ်တိတိ အလုပ်လုပ်ခဲ့ပြီးနောက် စက်ဘီးစီး အားကစားရပ်နားထားရာကနေ အခု ပြန်လည်းစီးနင်းနေတာ ဖြစ်ပါတယ်။
သူဟာ စက်ဘီးစီးအားကစား ထူချွန်သူတယောက်ဖြစ်ပြီး ပြင်ဦးလွင်မြို့နယ် ဖောင်းတောစံပြကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းကလည်း မိုင် ၁၀၀၀ တကိုယ်တော် လမ်းလျောက်ခဲ့သူလည်း ဖြစ်ပါတယ်။