Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးရန် လက်နက်ကိုင် ၃ဖွဲ့ တောင်းဆို
နော်နိုရင်း
·
April 24, 2019
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် လျှင်မြန်စွာဖော်ဆောင်ရေးအတွက် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးဖို့  မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ပူးပေါင်း တောင်းဆိုလိုက်ပါတယ်။ ရက္ခိုင့်တပ်မတော် (အေအေ)၊ တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ)နဲ့ ကိုးကန့်တပ်မတော် (အမ်အန်ဒီအေအေ) တို့က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်တာပါ။ ဧပြီလ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ ပြုလုပ်တဲ့ ထိပ်သီးခေါင်းဆောင်တွေပါဝင်တဲ့ အရေးပေါ် အစည်းအဝေးဆုံးဖြတ်ချက်အရ အခုလို ထုတ်ပြန်တာလို့လည်း ဆိုပါတယ်။ ဒီထုတ်ပြန်ချက်မှာ ရခိုင်ဒေသအတွင်း မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေမှု တွေကို ပြစ်တင်ရှုတ်ချလိုက်ပြီး တပ်မတော်ရဲ့ စစ်အင်အားသုံး ထိုးစစ်ဆင်မှုကို အန်အယ်ဒီ ဦးဆောင်တဲ့ အစိုးရက မသိကျိုကျွံမျက်ကွယ်ပြုနေတာကို လက်သင့်မခံနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင်တပ်မတော်အနေနဲ့ ရခိုင်လူထုတွေကို ပစ်မှတ်ထားပြီး ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ နေ့တိုင်းနီးပါး တိုက်ခိုက်နေတာဟာ စစ်ရာဇ၀တ်မှုတွေကို ဗြောင်ကျကျ ကျူးလွန်နေတာဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်အနေနဲ့ လက်ရှိပဋိပက္ခကို စိတ်ရင်းစေတနာမှန်နဲ့ အထူးလေးထားကာ အမြန်ဆုံးဖြေရှင်းပေးဖို့လည်း တိုက်တွန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024