Home
မြန်မာသတင်း
ရန်ကုန်မြို့တော်စည်ပင် ကော်မတီဝင် ၆ နေရာစလုံး အန်အယ်လ်ဒီ အနိုင်ရ
အာကာ
·
April 1, 2019
မတ်လ ၃၁ရက်က ကျင်းပပြီးစီးသွားတဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဆင့် ၆ နေရာစလုံးကို  အန်အယ်လ်ဒီပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေက ရွေးချယ်ခံခဲ့ရပါတယ်။ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရလဒ်ကို  ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ မွန်းလွဲ ၂နာရီခွဲမှ ကြေညာခဲ့တာပါ။ ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ မြို့တော် ကော်မတီဝင်  ၆နေရာကို ကိုယ်စား လှယ်လောင်း ၂၇ ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ရွေးချယ်ခံရတဲ့ ၆ ဦးထဲက တဦးဟာ ဒုမြို့တော်ဝန်အဖြစ် ရွေးကောက်ခံရမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်း မြို့နယ် ၃၃ မြို့နယ်အတွက် မြို့နယ်အဆင့် စည်ပင်ကော်မတီဝင်  ၉၉နေရာရွေးချယ်ရာမှာလည်း ၈၄နေရာကို အန်အယ်လ်ဒီပါတီ ကိုယ်စားပြုဝင်ပြိုင်သူတွေကပဲ  အနိုင်ရခဲ့ပြီး ၁၅နေရာကိုတော့ တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းတွေက အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် စည်ပင်ရွေးကောက်ပွဲကျင်းပတဲ့ မြို့တော်ကော်မတီ ၆ နေရာနဲ့ မြို့နယ်အဆင့် ကော်မတီနေရာ ၉၉ နေရာ စုစုပေါင်း  ကိုယ်စားလှယ်နေရာ ၁၀၅ နေရာမှာ အန်အယ်လ်ဒီ ပါတီ ကိုယ်စားလှယ်တွေက နေရာ ၉၀ ရရှိခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024