ရှမ်းရိုးရာသင်္ကြန်ပွဲတော် ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ကျင်းပ
DVB
·
April 1, 2019
ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများ ရိုးရာသင်္ကြန်ပွဲတော်ကို မတ်လ၃၁ရက်က ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ကျင်းပခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားတွေရဲ့ ရိုးရာသင်္ကြန်ကို ထိန်းသိမ်းရှောက်စောင့်ရှောက်ဖို့နဲ့ ရန်ကုန်မှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေ စည်းလုံးညီညွတ်စေချင်တယ်အတွက် ရိုးရာသင်္ကြန်ပွဲကို ကျင်းပရတာလို့ ပွဲစီစဉ်သူကပြောပါတယ်။
ရန်ကုန်မှာရှိနေတဲ့ ရှမ်းတိုင်းရင်းသားအဖွဲ့တွေစုစည်းပြီး ကျင်းပခဲ့တဲ့ဒီပွဲကို ရှမ်းဝတ်စုံဝတ်ဆင်ကာ ရေသဘင်ပွဲဆင်နွှဲကြပြီး စတုဒီသာအလှူလည်းပြုခဲ့ကြပါတယ်။
စုစု