ပိုက်လိုင်းယိုစိမ့်မှု ပြုပြင်နေသဖြင့် ရန်ကုန် ၁၀ မြို့နယ်တွင်ရေပြတ်
ပိုင်စိုး
·
March 27, 2019
ရန်ကုန်မြို့ကိုရေပေးနေတဲ့ ရေပိုက်လိုင်းယိုစိမ့်နေတာကြောင့် ပြုပြင်နေပြီး မြို့နယ် ၁၀ မြို့နယ်မှာ ဒီနေ့ ရေပြတ်နေတယ်လို့ မြို့တော်စည်ပင်က ကြေညာထားပါတယ်။
ငမိုးရိပ် ပထမအဆင့် ရေပို့တဲ့ပိုက်လိုင်းဟာ မနေ့ည ၇ နာရီလောက်က မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းဆုံးနားမှာ ရေယိုစိမ့်ခဲ့ပါတယ်။
ဒါ့ကြောင့် လက်ရှိမှာ ပြုပြင်နေပြီး ဒီနေ့တနေကုန် မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ ဆိပ်ကမ်းမြို့နယ်တွေမှာ ရေပြတ်တောက်နေပါတယ်။
ဒီနေ့ည ၈ နာရီလောက်မှာ ပြုပြင်တာပြီးစီးနိုင်ပြီး ရေပြန်ပေးနိုင်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနဲ့ ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့က ကြေညာထားပါတယ်။