Home
မြန်မာသတင်း
မင်းတပ်မြို့တွင် လူနေအိမ် ၄ လုံး မီးလောင်
DVB
·
March 23, 2019
ချင်းပြည်နယ် မင်းတပ်မြို့မှာ မတ်လ ၂၂ ရက်နေ့ ည ၁၁ နာရီအချိန်က မီးကြွင်းမီးကျန်ကတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့လို့ နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ မင်းတပ်မြို့ အနောက်ရပ်ကွက် ကွက်စိပ် (၄) မှာနေတဲ့ ဦးထန်းနိုင်း နေအိမ် မီးကြွင်းမီးကျန်ကနေတဆင့် မီးစတင်လောင်ကျွမ်းခဲ့တာလို့ မင်းတပ်ရဲစခန်းက သိရပါတယ်။ မီးလောင်ရာနေရာကို ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေပြည်သူတွေက ရေဘောက်ဆာယာဉ် ၁ စီး၊ မီးသတ်ကား ၃ စီးနဲ့ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါတယ်။ မီးလောင်မှုကြောင့် ဦးထန်းနိုင်းပိုင် နေအိမ်အပါအ၀င် နေအိမ် ၄ လုံး ဆုံးရှုံးခဲ့ရပြီး မီးဘေးသင့်အိမ်ထောင်စုလေးခု ရှိ လူဦးရေ ၂၆ ဦးဟာလည်း နီးစပ်ရာဆွေမျိုး နေအိမ်တွေမှာ ယာယီပြောင်းရွှေ့နေထိုင်နေပါတယ်။ မီးလောင်မှု ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ကျပ်ငွေ ၉၂ သိန်းကျော်ဖိုးလောက် သတ်မှတ်ထားတယ်လို့ မင်းတပ်မြို့မရဲစခန်း ရဲမှတ်တမ်းအရ သိရပါတယ်။ မီးပေါ့ဆစွာ သုံးစွဲတာကြောင့် မီးလောင်မှု ဖြစ်ပွားစေတဲ့အတွက် ဦးထန်းနိုင်းကို မင်းတပ်မြို့မ ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024