Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
March 8, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေ ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဟောလိဝုဒ် Romance Drama ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Gloria Bell ! ဒီကားကိုတော့ A24 Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး ချီလီရုပ်ရှင် ဒါရိုက်တာ Sebastián Lelio က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ Gloria ဟာ လွတ်လပ်တဲ့၊ အနှောင်အဖွဲ့မရှိတဲ့  အိမ် ထောင်ကွဲ အမျိုးသမီးတယောက်ဖြစ်ပြီး Los Angeles မြို့က လုပ်ငန်းခွင်နဲ့ မြို့ပြ ညတွေထဲမှာ ကျင်လည်နေထိုင်သူ တယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ညတွေဟာ နိုက်က လပ်တွေရဲ့ ကပွဲကြမ်းပြင်တွေပေါ်မှာ ကုန်ဆုံးနေခဲ့တာဖြစ်ပြီး တရက်မှာတော့ ကလပ် ထဲမှာ သူ့လိုပဲ အိမ်ထောင်ကွဲအမျိုးသားတယောက်ဖြစ်တဲ့ Arnold နဲ့ဆုံချိန်မှာတော့ သူ တို့ ၂ ယောက် ငြိတွယ်သွားခဲ့ကြတယ်။ ဒါပေမယ့် Arnold ဘက်က မပြတ်သေးတဲ့ အိမ် ထောင်ရေးနောက်ကွယ်က အခြေအနေတွေက သူတို့ ၂ ဦးကြား ရောက်လာခဲ့ချိန်မှာ တော့ ဘာတွေဆက်ဖြစ်လာမလဲ။  ချစ်ခြင်းမေတ္တာ၊ မိသားစုနဲ့ အရှုပ်အထွေးတွေကြားက အချစ်ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြတဲ့ ဟောလိဝုဒ်သရုပ် ဆောင်မင်းသမီးကြီး Julianne Moore က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြား သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ John Turturro ၊ Michael Cera ၊ Brad Garrett နဲ့ Sean Astin တို့ကလည်း အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဒီကားကိုနာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ကနဦးပြသခဲ့တာဖြစ်ပြီး IMDb မှာတော့ Rating 6.6 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစ ကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော် တာမို့ ကြည့်ရှုမယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် မတ်လ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ သွေးပျက်ထိတ်လန့် စရာကောင်းတဲ့ Action Thriller အမျိုးအစားရုပ်ရှင် ပရိသတ်တွေ နှစ်သက်ကြမယ့် The Wedding Guest ! ဒီကားကိုတော့ ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Michael Winterbottom က သူကိုယ် တိုင် ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး IFC Films က တင်ဆက် လိုက်တာ ဖြစ်ပါတယ်။ Jay ဟာ ဗြိတိန်ကနေ ပါကစ္စတန်နိုင်ငံနဲ့ အိန္ဒိယဆီ မင်္ဂလာပွဲတခုတက်ရောက်ဖို့ လျှို့ဝှက်ရောက်လာသူတယောက်ပါ။ သူ့ဆီမှာတော့ လက်နက်တချို့နဲ့အတူ မင်္ဂလာပွဲ က သတို့သမီးကို ပြန်ပေးဆွဲဖို့ အကြံအစည်ပါလာခဲ့ပါတယ်။ ခုလို ဘာကြောင့်လုပ်ရတာ လဲ၊ ဒီအစီအစဉ်ကရော အောင်မြင်နိုင်ပါ့မလားဆိုတာတွေကို  နယ်စပ်ဒေသတလျှောက် ရှုခင်းတွေကြား ပြေးပြေးလွှားလွှား အက်ရှင်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပရိသတ်တွေ က ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ကနဦးပြသခဲ့တာဖြစ်ပြီး IMDb မှာတော့ Rating 5.9 အထိ ရရှိထား ပါတယ်။ ဒီကားထဲမှာတော့ အိန္ဒိယ သရုပ်ဆောင်မင်းသား Dev Patel ၊ သရုပ်ဆောင်မင်း သမီး Radhika Apte တို့က အဓိသရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစ ကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော် တာမို့ ကြည့်ရှုမယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၉၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က တည်းက အမေရိကန်နိုင်ငံမှာ ကနဦးရုံတင်ပြသနေတာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာရုပ်ရှင် ကားတကားဖြစ်တဲ့ ဗျစ်ရည်ဆိုင်စောင့်တဲ့ ဘီလူး ! ဒီကားကိုတော့ လာဗင်ဒါရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး လူရှိန်အောင်ရဲ့ ဇာတ် လမ်းကို နေစိုးသော်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူး ပေးထားတာ ဖြစ်ပါတယ်။ ရယ်မောစရာ ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဒီကား ထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ လူမင်း၊ ထွန်း ထွန်း၊ ခင်လှိုင်၊ အိချောပို၊ နန်းမြတ်ဖြိုးသင်းတို့နဲ့အတူ တခြားဟာသ သရုပ်ဆောင်တွေ လည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ရန်ကုန်မြို့၊ သမ္မ တ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင် Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၉ သိန်းနီးပါး ရှိနေ ခဲ့တာပါ။ ဒီကားကိုတော့ လာမယ့် မတ်လ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ပရိသတ်တွေ မျှော် လင့်နေကြတဲ့ နာမည်ကြီး ဟောလိဝုဒ်စူပါဟီးရိုးရုပ်ရှင် Captain Marvel ! Action Adventure Sci-Fi အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကား ကိုတော့ Marvel Studios တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ ၂ ယောက်ဖြစ်တဲ့ Anna Boden နဲ့ Ryan Fleck တို့က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ U.S Air Force ရဲ့ အမျိုးသမီး Fighter Pilot တဦးဖြစ် တဲ့ Carol Danvers ဟာ Starforce အဖွဲ့ဝင် စူပါဟီးရိုး Captain Marvel ဘယ်လိုဖြစ် လာခဲ့သလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Marvel ကတော့ ဒီ Character ဟာ အင်အားအကြီးဆုံး ဇာတ်ကောင်ဖြစ်တယ် လို့ ထုတ်ဖော်ပြောကြားထားခဲ့ပြီး နောက်လထဲမှာ ရုံတင်ပြသမယ့် Avengers: Endgame ရုပ်ရှင်ကားထဲမှာ ဒီဇာတ်ကောင် Captain Marvel ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးပါနိုင်တယ် ဆိုတာကို ပရိသတ်တွေက ကြိုတင်ရှုစားကြရမှာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင် Captain Marvel နေရာမှာတော့ ဟော လိဝုဒ်သရုပ်ဆောင်မင်းသမီး Brie Larson က ပါဝင်သရုပ်ဆောင်ထားခဲ့တာဖြစ်ပြီး သူနဲ့ အတူ တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Samuel L. Jackson ၊ Ben Mendelsohn ၊ Gemma Chan နဲ့ Jude Law တို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြ တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၁၅၂ သန်းအကုန်အကျခံ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြ ကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၂၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် မတ်လ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာ ဟာသ ဒရာမာရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် လှတောသားနဲ့ ယောက္ခမ လောင်း ! ဒီကားကိုတော့ မြင့်မိုရ်ဦး ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဇော်မြင့်ဦးက ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါ တယ်။ လှတောသားလို့ ကြားလိုက်တာနဲ့ ပရိသတ်တွေက စကားအရာမှာ ၂ ယောက်မရှိ အောင် ကြွယ်သူတွေလို့ ပြေးမြင်မိကြမှာပါ။ ဒီကားထဲမှာတော့ ချစ်စရာကောင်းတဲ့ လှ တောသူ၊ လှတောသားတွေရဲ့ ဓလေ့ထုံးစံတွေနဲ့ ကျေးလက်သဘာဝ ဟာသရသပေါ် လွင်အောင် ရိုက်ကူးထားတာတွေကို ပရိသတ်တွေက ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ခန့်စည်သူ၊ အိ ချောပို၊ ကျော်ကျော်၊ ချမ်းမေမြတ်နိုးတို့က ခေါင်းဆောင်ပါဝင်ထားပြီး တခြားဟာသ သရုပ် ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ် မှာတော့ လက်ရှိအချိန်ထိ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သိန်းကျော်ရှိနေခဲ့ပါ တယ်။ ဒီကားကိုတော့ လာမယ့် မတ်လ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာမို့ ပရိသတ် တွေအတွက် သတင်းကောင်းပါးလိုက်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီ မှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024