Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တမူးမြို့ခရီးစဉ် ရာသီဥတုကြောင့်ရပ်ဆိုင်း
DVB
·
March 7, 2019
စစ်ကိုင်းတိုင်းဒေသကြီးကို သွားရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက် တမူးမြို့ကို လာရောက်ဖို့ရှိပေမယ့် ရာသီဥတုကြောင့် ခရီးစဉ်ရပ်ဆိုင်းခဲ့ရပါတယ်။ တမူးမြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးမြင့်ဇော်က “'ရာသီဥတုမကောင်းလို့ ခရီးစဉ်ကို ရပ်ဆိုင်းခဲ့ပါတယ်။  ထမံသီကနေ မုံရွာပြန်​သွားတယ်​လို့ သိရတယ်​''လို့ ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံဟာ ဒီမနက် ထမံသီဒေသကိုသွားရောက်ခဲ့သလို ဟုမ္မလင်းမှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ဒီနေ့ မနက် တမူးမြို့မှာရှိတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ စန္ဒကူးရပ်ကွက် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်က “ပြည်​သူနဲ့​ တွေ့ဆုံမယ်​ လို့လည်း မ​ပြောထားဘူး။ ကျနော်​က​တော့ မြင်​ရ​အောင်​လာ​တွေ့တာပါ။ လာ​စေချင်​တာပဲ ရှိပါတယ်​။ ရာသီဥတု​ကြောင့်လို့ကြားလို့ ရာသီဥတု​ကောင်းပါ​စေလို့ ဆုတောင်းရမှာပေါ့'' လို့ ပြောပါတယ်။ မြို့ခံပြည်သူတွေကတော့ မနက်အစောပိုင်းကတည်းက အတိုင်ပင်ခံကို ကြိုဆိုရေး ဗီနိုင်းတွေ ကိုင်ဆောင်ပြီး စောင့်ကြိုနေကြတယ်လို့ တမူးမြို့ဒေသခံတွေက ပြောပါတယ်။ မနေ့ကတော့ ခန္တီးမြို့ကို သွားရောက်ခဲ့ပြီး အစိုးရအနေနဲ့အကြမ်းဖက်မှုကို မယုံကြည်တဲ့အကြောင်းနဲ့ အကြမ်းမဖက်နည်းနဲ့လိုရာပန်းတိုင်ရောက်အောင် ကြိုးပမ်းသွားမယ်လို့  ပြောပါတယ်။ ​ဂေါင်​​ဂေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024