တက္ကသိုလ်ဝင်တန်းစာမေးပွဲများ နိုင်ငံတ၀န်း စတင်ကျင်းပ
ဆုဆုသွယ်
·
March 6, 2019
ဒီပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွေကို မြန်မာတပြည်လုံး အတိုင်းအတာအနေနဲ့ မတ်လ ၆ ကျင်းပနေရာမှာ ကျောင်းသား၊ ကျောင်းသူတွေဟာ မြန်မာစာ ဘာသာရပ်ကို စတင်ဖြေဆိုနေကြပါတယ်။
ဒီနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ လျှောက်လွှာတင်သွင်ထားတဲ့ ကျောင်းသားဦးရေ ၈၉၀၀၀၀ ကျော်ရှိပြီး အဲဒီကျောင်းသားတွေဟာ စာစစ်ဌာနပေါင်း ၁၈၀၀ ကျော်မှာ ၀င်ရောက်ဖြေဆိုနေကြတာပါ။
ဒီပညာသင်နှစ်မှာတော့ စာမေးပွဲဖြေဆိုဖို့ လျှောက်လွှာတင်သွင်းထားတဲ့ ကျောင်းသားဦးရေ ဟာ မနှစ်ကထက် ၅ သောင်းကျော်ပိုများပါတယ်။
ဒီနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ အရင်နှစ်တွေနဲ့မတူဘဲ စဉ်းစားတွေးခေါ်မှုကို ဦးစားပေး မေးမြန်းမယ့် မေးခွန်းပုံစံအဖြစ် ပြောင်းလဲစစ်ဆေးသွားမှာ ဖြစ်တဲ့အတွက် ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေမှာ စိုးရိမ်နေကြပါတယ်။
အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ မတ်လ ၆ ရက်ကနေ ၁၅ ရက်အထိ မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီထိ ဘာသာရပ်အလိုက် စစ်ဆေးနေတာဖြစ်ပါတယ်။