Home
မြန်မာသတင်း
ဖုန်းငွေဖြည့် အပိုဆု အစီအစဉ်များ ယာယီရပ်ဆိုင်း
DVB
·
February 13, 2019
ဖုန်းငွေဖြည့်အပိုဆုအစီအစဉ်တွေကို မနက်ဖြန်ကစပြီး ပြောင်းလဲတော့မယ်လို့ မြန်မာပြည်တွင်း မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်း လုပ်နေတဲ့ ဖုန်းအော်ပရေတာတွေက ကြေညာပါတယ်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကနေ ဖုန်းအော်ပရေတာတွေအားလုံးရဲ့ ဖုန်းငွေဖြည့် အပိုဆု အစီအစဉ်တွေကို ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားထားတာကြောင့်လို့ ဆိုပါတယ်။ မိုင်တဲလ်ကတော့ ဖေဖော်ဝါရီ ၁၄ မှာ 120% Top Up Promotion ကို ရပ်ဆိုင်းမယ်လို့ ဆိုပါတယ်။ အူရီဒူးကတော့ သူတို့ရဲ့ ၆ ဆတိုးအစီအစဉ်ကို ဖေဖော်ဝါရီ ၁၄ ရက်ကကစပြီး ၆ ဆတိုး + အစီအစဉ်အဖြစ် မနက်ဖြန်ကစ ပြောင်းလဲမယ်လို့ ဆိုပါတယ်။ ဖြည့်သွင်းလိုက်တဲ့ ဖုန်းငွေပမာဏကို ၆ ဆတိုးသွားစေပြီး ဒေတာအသုံးပြုတာတွေ၊ အူရီဒူး အချင်းချင်းဖုန်းခေါ်ဆိုတာတွေနဲ့စာတိုပေးပို့တာတွေအတွက် အသုံးပြုနိုင်မယ်လို့ ထုတ်ပြန်ပါတယ်။ တယ်လီနော မြန်မာကတော့ လက်ရှိပေးနေတဲ့ ငွေဖြည့်အပိုဆုတွေကို ဖေဖော်ဝါရီ ၁၄ ရက်နေ့  ည ၁၂ နာရီ ၅၉ မိနစ်အထိပဲ ပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။ သုံးစွဲသူတွေဆီမှာ လက်ကျန်ရှိနေတဲ့ ငွေဖြည့်အပိုဆုပမာဏတွေကိုတော့ ကျန်တဲ့ သက်တမ်းကာလအတိုင်း အပြောင်းအလဲမရှိ ဆက်လက်အသုံးပြုနိုင်မှာ ဖြစ်ပြီး ငွေဖြည့်အပိုဆု ကလွဲလို့ တခြား ပရိုမိုးရှင်း ဝန်ဆောင်တာတွေကိုတော့ ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။ အမ်ပီတီကတော့ တစုံတရာ ကြေညာထားတာ မရှိပါသလို မနေ့ကပဲ ထောဘီ + အစီအစဉ် ကြော်ငြာကို ဖုန်းတွေကို စာတိုတွေ ဆက်လက်ပေးပို့နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024