Home
မြန်မာသတင်း
ဒေါ်စိုးခက်ခက်ကို ရန်ကုန်တိုင်း တရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်
DVB
·
February 7, 2019
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်စိုးခက်ခက်ကို ခန့်အပ်တာဝန်ပေးကြောင်း  နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရတဲ့ ဒေါ်စိုးခက်ခက်ဟာ ဒီကနေ့ မနက်က ရန်ကုန်တိုင်းလွှတ်တော်မှာ ကတိသစ္စာပြု လက်မှတ်ထိုးခဲ့ ပါတယ်။ ဒေါ်စိုးခက်ခက်ကို ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က အမည်စာရင်းတင်သွင်းခဲ့တာပါ။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒေါ်စိုးခက်ခက်ကို ကန့်ကွက်လိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁၀ အရ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ မပြည့်စုံကြောင်း သက်သေအထင်အရှားပြပြီး ကန့်ကွက်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် မနေ့ကအထိ ကန့်ကွက်သူမရှိလို့ အတည်ပြု ခန့်အပ်လိုက်တာလည်းဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024