Home
မြန်မာသတင်း
၂၀၁၈ ခုနှစ်တွင်း ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၅၀၀၀ ကျော် သေဆုံး
DVB
·
January 27, 2019
မြန်မာတနိုင်ငံလုံးမှာ ယာဉ်မတော်တဆမှုကြောင့် ပြီးခဲ့တဲ့နှစ်က လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ အချက်အလက်တွေအရ ဖော်ပြထားတာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်က ယာဉ်မတော်တဆမှုပေါင်း ၁၇၄၅၁ ဖြစ်လို့ လူပေါင်း ၅၁၈၄ ယောက်သေပြီး ၂၆၇၄၁ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းမှာတော့ ယာဉ်မတော်တဆမှု ၂၆၈၄ မှု ဖြစ်ခဲ့ပြီး လူ ၅၉၉ ယောက် သေဆုံးခဲ့ပါတယ်။ မန္တလေးတိုင်းမှာ ၂၂၄၃ မှု၊ ဧရာဝတီတိုင်းမှာ ၂၀၃၃ မှု၊ မကွေးတိုင်းမှာ ၁၆၁၀ မှု၊ စစ်ကိုင်းတိုင်းမှာ ၁၅၃၉ မှု၊ ရှမ်းပြည်နယ်မှာ ၁၁၈၄ မှု၊ မွန်ပြည်နယ်မှာ ၈၇၅ မှု၊ တနင်္သာရီတိုင်းမှာ ၅၈၅ မှု၊ ရခိုင်ပြည်နယ်မှာ ၄၂၉ မှု၊ ကချင်ပြည်နယ်မှာ ၄၂၇ မှု၊ ကရင်ပြည်နယ်မှာ ၃၇၄ မှု၊ ချင်းပြည်နယ်မှာ ၁၀၆ မှု ဖြစ်ခဲ့ပြီး ကယားပြည်နယ်ကတော့ အနည်းဆုံးဖြစ်ပြီး ၈၈ မှုပဲ ရှိပါတယ်။ အမှုနဲ့ သေဆုံးသူအချိုးမှာတော့ နေပြည်တော်က အများဆုံးဖြစ်ပြီး ၃၄၂ မှု ဖြစ်တာမှာ လူ ၂၂၇ ယောက်သေဆုံးပြီး ၃၈၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမှာတော့ ယာဉ်မတော်တဆမှုပေါင်း ၄၇၄ မှု ဖြစ်ပြီး လူပေါင်း ၁၀၄ ယောက် သေဆုံးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024