Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
January 17, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ပရိသတ် တွေ မျှော်လင့်နေကြတဲ့ How To Train Your Dragon : The Hidden World ! ဒီကားကတော့ Computer-Animated Action Fantasy အမျိုးအစား ရုပ်ရှင် ကြိုက်တဲ့ ပရိသတ်တွေ နှစ်သက်ကြမှာဖြစ်ပြီး ကနေဒီယန်ရုပ်ရှင်ဒါရိုက်တာ Dean DeBlois က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ DreamWorks Animation နဲ့ Universal Pictures တို့က တင်ဆက်လိုက်တာပါ။ ဒီကားထဲမှာတော့ Dragon တွေနဲ့ အတူ အေးအေးချမ်းချမ်းရှိနေတဲ့ Hiccup တယောက် Hidden World တစ်ခုထဲ အမှတ်မထင်ရောက်သွားတဲ့အခါမှာ ချစ်စရာ ကောင်းတဲ့ Dragon Partner လေး Toothless နဲ့အတူ Hunter တွေနဲ့ဆုံပြီး စိတ်လှုပ် ရှားစရာ စွန့်စားတိုက်ခိုက်မှုတွေဖြစ်ပေါ်လာချိန်မှာ ဘာတွေဖြစ်လာမလဲဆိုတာတွေကို ပ ရိသတ်တွေက ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ Toothless ရဲ့ အဖော်အဖြစ် Light Fury ဆိုတဲ့ ဇာတ်ကောင်ကိုလည်း ထူးထူးခြားခြား ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Jay Baruchel, America Ferrera, Cate Blanchett, Craig Ferguson စတဲ့ သရုပ် ဆောင်တွေက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ဗြိတိန် အမျိုးသမီးစာရေးဆရာမ Cressida Cowell ရဲ့ ၀တ္ထုကို ရုပ် ရှင်အဖြစ် အသက်သွင်းပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၁၀၊ ၂၀၁၄ ခုနှစ်တွေမှာ အပိုင်း ၂ ပိုင်းခွဲထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှုတွေ ရရှိခဲ့တဲ့ ဒီရုပ်ရှင်ကားဟာ ခုနောက် ဆုံးအပိုင်း ၃ မှာတော့ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီကားထဲမှာ ကလေးတွေနဲ့ မသင့်တော်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြ ကွက်တွေ၊ ပြောစကားဒိုင်ယာလော့ဂ်တွေ ပါဝင်နေတာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၁၂၉ သန်းအကုန်အကျခံရိုက်ကူးထားတဲ့ ဒီ ရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 8.3 ထိ ရရှိထားပါတယ်။ ကြာမြင့်ချိန် ၁၀၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ မြန်မာနိုင်ငံမှာ လက်ရှိရုံတင်ပြ သနေတာဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ American Film Institute က ချီးမြှင့်တဲ့ Top 10 Films of the Year  ဆုအပါအ၀င် ဆုတွေအများကြီး ရ ရှိထားတဲ့ ရုပ်ရှင်ကား - Mary Poppins Returns ! Musical Fantasy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ အမေ ရိကန်ရုပ်ရှင်ဒါရိုက်တာ Rob Marshall က ရိုက်ကူးပုံဖော်ပေးထားခဲ့တာဖြစ်ပြီး နာမည် ကြီးရုပ်ရှင်ကုမ္ပဏီ WaltDisney Pictures က တင်ဆက်လိုက်တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ၁၉၆၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mary Poppins ရဲ့ နောက်ဆက် တွဲရုပ်ရှင်ကားအဖြစ် ထွက်လာခဲ့တာပါ။ Michael နဲ့ Jane Banks တို့ဟာ ထူးဆန်းတဲ့ ကလေးထိန်းအမျိုးသမီး Mary Poppins နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်လောက်က  စိတ်ကူးယဉ်ဆန်ဆန် ကလေးဘ၀ကို ဖြတ်သန်းခဲ့ရပြီး အရွယ်ရောက်လာချိန်မှာတော့ သူတို့ရဲ့ မျိုးဆက်သစ်ကလေးတွေနဲ့ ဖြတ်သန်းနေရချိန်ကို ရောက်ရှိနေခဲ့ပါတယ်။ အဲဒီ အချိန်မှာ Banks ကလေးတွေကို စောင့်ရှောက်ဖို့ Mary Poppins ဟာ နေအိမ်ကို ကောင်းကင်ကနေ စွန်ကြီးကို ကိုင်ပြီး ရောက်လာခဲ့ချိန်မှာတော့ ဘယ်လိုတွေ ဆက်ဖြစ် လာမလဲဆိုတာတွေကို မှော်ဆန်တဲ့ တေးဂီတတွေ၊ အကတွေနဲ့အတူ ဒီကားထဲမှာ ရှုစား ကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ရွှေကမ္ဘာလုံးဆုအပါအ၀င် ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိ ထားတဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Emily Blunt နဲ့အတူ တခြားသရုပ်ဆောင် တွေဖြစ်ကြတဲ့ Lin-Manuel Miranda, Ben Whishaw, Emily Mortimer နဲ့ Julie Walters တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ကလေးတွေနဲ့ မသင့်တော်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြ ကွက်တွေ၊ ပြောစကားဒိုင်ယာလော့ဂ်တွေ ပါဝင်နေတာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာသန်း ၁၃၀ အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားဟာ IMDb မှာ Rating 7.2 အထိ ရရှိထားတဲ့ ဇာတ်ကားတကားပါ။ နိုင်ငံတကာမှာတော့ ဒီကားကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ရုံတင်ပြသခဲ့ ပြီး Box Office မှာ ၀င်ငွေ အမေရိကန်ဒေါ်လာ ၂၈၇ ဒဿမ ၉ သန်း စံချိန်တင်ရရှိခဲ့ပြီး အောင်မြင်မှု ရရှိခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီကားကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၁ ရက်နေ့ကတည်းက ရုံ တင်ပြသနေတာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန် မာ အချစ်ဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ ထာဝရထက်နှစ်ဆ ! ဒီကားကိုတော့ ဖိုးသူတော်ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ထက်မြတ်နိုင်ဇင်ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းတပုဒ်အနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကား ကတော့ ဘောလိဝုဒ်နာမည်ကြီး ရုပ်ရှင်ကားတကားဖြစ်တဲ့ Sanam Teri Kasam ရုပ် ရှင်ကို ကျောရိုးယူရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေကြားမှာတော့ ပွဲဆူနေတဲ့ ဇာတ် ကားတကားဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းထဲမှာတော့ ရည်းစားရှိနေတဲ့ ညီမကို အိမ် ထောင်ပြုပေးဖို့အတွက် အစ်မကို အရင်ဆုံးအိမ်ထောင်ပြုပေးဖို့  မိသားစုဝင်တွေက သ တို့သားလောင်းရှာဖွေကြပေမယ့် အစ်မက ခပ်တုံးတုံးမိန်းကလေးတယောက် ဖြစ်နေလို့ အိမ်ထောင်ဖက်ရှာမတွေ့ပဲ ဖြစ်နေခဲ့တာပါ။ အဲဒီအချိန် သူတို့အိမ်နားကို လူရှုပ်တ ယောက် ပြောင်းရွှေ့လာခဲ့ချိန်မှာတော့ မိသားစုနှစ်စုကြားမှာ ထင်မှတ်မထားတဲ့ အလွဲအ ချော်တွေ ကြုံတွေ့ရတာတွေကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားခဲ့တာပါ။ မြန်မာရုပ်ရှင်ဖြစ်တဲ့ ထာဝရထက်နှစ်ဆမှာတော့ ဘယ်လိုပုံဖော်ရိုက်ကူးထားမလဲဆိုတာကိုတော့ ပရိသတ် တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ပရိသတ်ရှေ့မှာ မတွေ့ရတာကြာပြီဖြစ်တဲ့ သရုပ်ဆောင်မင်း သား မင်းမော်ကွန်းနဲ့အတူ မြင့်မြတ်၊ ရွှေမှုံရတီတို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထား ကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက် စာမျက်နှာပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းနီးပါးရှိနေခဲ့ပြီဖြစ်ပြီး ဒီကားကိုတော့ လာ မယ့် ဇန်န၀ါရီ ၁၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ American Sports Drama အမျိုးအစား ရုပ်ရှင် Creed II ! ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Steven Caple Jr. က ရိုက်ကူးပုံ ဖော်ပေးထားတာဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Warner Bros. နဲ့ Annapurna Pictures တို့က တင်ဆက်လိုက်တာပါ။ ဒီကားဟာ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Creed ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဖြစ်ပြီး အမေရိကန် Sports Drama ရုပ်ရှင် Series Rocky Film Serires တွေရဲ့ ၈ ကား မြောက်အဖြစ် ထွက်ရှိလာခဲ့တာပါ။ ဒီကားထဲမှာတော့ ကြိုးဝိုင်းထဲမှာပဲ သေဆုံးသွားတဲ့  အမေရိကန် Boxing ချန်ပီယံဟောင်း Apollo Creed ရဲ့ သားဖြစ်တဲ့ Adonis Creed ဟာ သူ့ရဲ့အဖေကို အလဲထိုးအနိုင်ယူပြီး အသက်သေစေခဲ့တဲ့ ရုရှား Boxer Ivan Drago ရဲ့ သား Victor Drago က ထိုးသတ်ဖို့ စိန်ခေါ်လာတဲ့အခါ ဘာတွေဆက်ဖြစ် လာမလဲဆိုတာတွေကို စိတ်ဝင်စားဖွယ် ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Adonis Creed အဖြစ် အမေရိကန်သရုပ်ဆောင်မင်း သား  Michael B. Jordan က ခေါင်းဆောင်ပါဝင်ထားပြီး နာမည်ကြီး သရုပ်ဆောင်မင်း သားကြီး Sylvester Stallone ကတော့ ဟဲဗီးဝိတ်ချန်ပီယံတဦးအနေနဲ့ Adonis Creed ရဲ့ နည်းပြနေရာက ပါဝင်ထားတာဖြစ်ပါတယ်။ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ သန်း ၅၀ အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားဟာ IMDb မှာတော့ Rating 7.7 ထိ ရရှိထားပြီး ဒီကားထဲက သရုပ်ဆောင်မှုတွေ အပေါ် ချီးကျူးမှုတွေလည်း ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ဒီကားကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ရုံတင်ပြသခဲ့ ပြီး Box Office မှာ ၀င်ငွေ အမေရိကန်ဒေါ်လာ ၁၆၆ သန်းထိ ရရှိခဲ့ပြီး အောင်မြင်မှု ရရှိခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီကားကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၁ ရက်နေ့ကတည်းက ရုံ တင်ပြသနေတာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ထိတ်လန့်စရာနဲ့ ရယ်မောပျော်ရွှင်စရာတွေကို တပြိုင်တည်း ခံစားကြရမယ့် မြန်မာရုပ်ရှင် - သရဲသင်္ဘော ! ဒီကားကိုတော့ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး နေစိုးသော်က ဇာတ်ညွှန်းခွဲထားပေးကာ ဒါရိုက်တာ ရာဇ၀င်ကိုက ရိုက်ကူးပုံဖော်ပေး ထားတာ ဖြစ်ပါတယ်။ ဟာသဇာတ်ကားတကားအဖြစ် ပုံဖော်ဖန်တီးထားတဲ့ ဒီကားထဲမှာတော့ သရုပ် ဆောင်မင်းသား ခန့်စည်သူနဲ့ မင်းသမီး ခိုင်သင်းကြည်တို့က သရဲဇာတ်ကောင်နေရာက ခေါင်းဆောင်ပါဝင်ထားကြပြီး ရယ်မောစရာ၊ ခြောက်ခြားစရာ၊ ပျော်ရွှင်စရာ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာဖြစ်ပါတယ်။ ဒီကားထဲမှာ တခြား သရုပ်ဆောင်တွေအနေနဲ့ သူရိယ၊ ညီထွဋ်ခေါင်၊ ယုသန္တာ တင်၊ သွန်းဆက်၊ ဆုအိမ့်စံနဲ့ တခြားဟာသ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင် ထားကြတာပါ။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့က ရန် ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်ကား Trailer ဟာလည်း ဖေ့စ် ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းခွဲကျော် ရှိနေခဲ့တာပါ။ ဒီကားကိုတော့ လာမယ့် ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီ မှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024