ပျောက်ဆုံး ထီလက်မှတ်များထဲမှ ဆုများထွက်ပါက အစားထိုး ပြန်လည်ဖွင့်လှစ်ပေးမည်
DVB
·
January 11, 2019
မကွေတိုင်းဒေသကြီး ဖေဖော်ဝါရီ ၁ ရက်နေ့ ဖွင့်လှစ်မယ့်ထီမှ ထီစာအုပ် ၁၀၀၀ ကျော်ပျောက်ဆုံးနေပြီး ပေါက်မဲထွက်ပေါ်လာပါက အလျော်ပေးမှာမဟုတ်ဘဲ အစားထိုးပြန်လည်ဖွင့်လှစ်ပေးမယ်လို့ အောင်ဘာလေ သိန်းဆုဌာနခွဲ မန္တလေးရုံးခွဲက သိရပါတယ်။
မကွေးတိုင်းဒေသကြီးကို ဖြန့်ချိတဲ့ ထီလက်မှတ်တွေအနက်က ပွင့်ဖြူမြို့ကို စာတိုက်အချောပို့နဲ့ ပို့ဆောင်ခဲ့တဲ့ ၂၃ ကြိမ်မြောက် အောင်ပါလေထီ စအုပ် ၁၂၈၅ အုပ်( စောင်ရေ ၁၄၁၃၅ စောင်) လမ်းခရီးမှာ ဇန်နဝါရီ ၁၀ က ပျောက်ဆုံးခဲ့တယ်လို့ ပြည်တွင်းအခွန်ဦးစီး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ပျောက်ဆုံးထီလက်မှတ်တွေဟာ မရောင်းရသေးတဲ့ ထီလက်မှတ်တွေ ဖြစ်နေလို့ ဆုမဲတွေ ပေါ်ထွက်လာပါက အထူးဆုစနစ်နဲ့ ဆုတဆုခြင်းစီ ရောင်းချထားတဲ့ ထီလက်မှတ် ဂဏန်းတွေ ထွက်ပေါ်တဲ့အထိ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး ဝေဝေဆာဆာ ပဒေသာ ဆုမဲစနစ်မှာ ဆုမဲတန်ဖိုးအတိုင်း ပြန်လည်ဖွင့်လှစ်သွားမယ်လို့ ဖော်ပြထားပါတယ်။
ကိုလင်း(ချောက်)