ဗိုလ်တထောင်ဘုရား ရွှေသင်္ကန်းကပ်ရန် ရွှေ ၁၀ ပိဿာဝယ်ယူ
DVB
·
January 9, 2019
ရန်ကုန်မြို့ရှိ ဗိုလ်တထောင်ဘုရားကို ရွှေသင်္ကန်းကပ်နိုင်ဖို့အတွက် ဒီနေ့ ရွှေ ၁၀ ပိဿာ ဝယ်ယူခဲ့တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက ပြောပါတယ်။
ဘုရားဂေါပကအဖွဲ့က ဒီနေ့ နေ့လယ် ၁၁ နာရီခွဲအချိန်မှာ အသင်းဆီက ဝယ်ယူခဲ့တာ ဖြစ်ပြီး အကယ်ဒမီ မီးလင်း တကျပ်သားကို ကျပ် ၁,၀၄၀,၀၀၀ နဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
ရွှေဈေးဟာ မနေ့ညနေက ၁,၀၄၆,၁၀၀ ကျပ်နဲ့ ပိတ်ခဲ့ပြီး ဒီနေ့မနက်မှာတော့ ၁,၀၄၄,၅၀၀ ကျပ်နဲ့ ပြန်ဖွင့်လာပါတယ်။
အခု ညနေ ၃ နာရီအချိန်မှာတော့ ၁,၀၄၄,၀၀၀ ကျပ်အထိ ပြန်ကျလာပါတယ်။
ဓာတ်ပုံ-YGEA