Home
သတင်းဓာတ်ပုံ
ဘားအံမြို့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ဆင်ရုပ်တုဖွင့်ပွဲကျင်းပ
DVB
·
January 3, 2019
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် လက်မှုအတတ်ပညာနဲ့ ပြုလုပ်ထားတဲ့ ဆင်ရုပ်တုဖွင့်ပွဲကို ဇန်န၀ါရီ ၃ ရက် မနက်ပိုင်းက ဘားအံမြို့၊ ကရင်အမျိုးသားနှစ်သစ်ကူးကွင်း (တောင်ကလေး) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆင်ရုပ်တုကို ဒေသခံ ကရင်တိုင်းရင်းသားလူမျိုး အဘိုးအဘွားတွေရဲ့ လက်မှုပညာဖန်းတီးမှု အတတ်ပညာတွေ ပြန်လည်ထိန်းသိမ်းမြှင့်တင်နိုင်ဖို့၊ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေ မိမိအတ္တမာန်မာနကို ရှေ့တန်းမတင်ဘဲ ထိန်းသိမ်းနေထိုင်တတ်စေဖို့ ရည်ရွယ်ပြီး ထုလုပ်တာပါ။ ဘားအံမြို့၊ တောင်ကလေးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ တိုက်အုပ်ဆရာတော် အရှင်ဥတ္တမက “၂၀၁၉ ကူးမယ့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့မှာဆိုလို့ရှိရင် ဒီနှစ်အတွက် ဆင်ရုပ်ကို လုပ်ဆောင်ရခြင်း ဖြစ်တယ်။ နာယကချုပ်ဆရာတော် အရှင်သူမြတ်ကနေပြီးတော့ သပ်သပ်ရပ်ရပ်နဲ့ လုပ်ဆောင်ကြပါလို့ ဆရာတော်က သြ၀ါဒပေးခဲ့တယ်။ ဦးဇင်းအနေနဲ့က မနှစ်တုန်းက စိတ်ကူးထားတဲ့ ပုံစံလေးကို ပြန်လည်ဖော်ထုတ်ပေးလိုက်ခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ(တောင်ကလေး)၊ ဥက္ကဋ္ဌ ဦးစောခင်မောင်မြင့်က “နိုင်ငံရေးရှုထောင့်က ကြည့်မယ်ဆိုလို့ရှိရင် ဘယ်လို အလားသဏ္ဌာန် တူလည်းဆိုရင် ဆင်ရုပ်ကြီးက ကရင်ပြည်နယ်နဲ့ တူပါတယ်။ သစ်တုံးကြီးဆွဲတာကတော့ ပြည်သူနဲ့ အလားသဏ္ဌာန်တူပါတယ်။ ဒါက အန်ကယ်ရဲ့အမြင်ပါ။ ဒီဆင် ဘယ်လိုပဲဆွဲဆွဲ ပြည်သူနဲ့တူတဲ့ သစ်တုံးကြီးကတော့ ဆင်ဆွဲလေရာကို သွားရမှာပဲ” လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ ထားဝယ်အောင်ကျေးရွာ ဆင်ရုပ်ပြူလုပ်သူ ဦးစောထွန်းလင်းမြိုင်က “မလုပ်ဖူးတဲ့အတွက်ကြောင့် ဒီဆင်က ဘယ်လိုလုပ်ရင်ကောင်းမလဲဆို တော်တော်လေး ဦးနှောက်ကို အသုံးချရတယ်။ မျက်စိမှိတ်လိုက်လို့ ပေါ်လာတဲ့အကြောင်းအရာ အိမ်မှာပြန်တဲ့ အချိန်ကျရင် မျက်စိမှိတ်ပြီးတာနဲ့ မိုးလင်းတာနဲ့ ဒီလိုလုပ်ရင် ဘယ်လိုလာမလဲ။ တော်တော်လေး စဉ်စားရတယ်”လို့ ပြောပါတယ်။ အဆိုပါရုပ်ထုမှာ သဘာဝ ၀ါးမျိုးစုံ၊ နှီး၊ ကောက်ရိုး၊ စောင်၊ ရွံ့၊ ဖွဲပြာ၊ ထုံး၊ နွားချီးတွေနဲ့ လုပ်ဆောင်ထား တာဖြစ်ပြီး ဆင်ရဲ့ အလျားက ၄၀ ပေ၊ အမြင့် ၂၅ ပေ၊ ကိုယ်ထည်လုံးပတ် ၁၈ ပေနဲ့ လူရုပ် အမြင့် ၈ ပေ၊ သစ်လုံးအရှည် ၄၈ ပေ၊ လုံးပတ် ၈ ပေဖြစ်ပြီး ဆင်ရုပ်ရဲ့ စုစုပေါင်းကုန်ကျငွေဟာ စုစုပေါင်းကျပ်သိန်း ၄၀ လောက်ရှိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ ရိုးရာလက်မှုပညာနဲ့ ရုပ်တုတွေကို ၂၀၁၅ ခုနှစ်ကစပြီးလုပ်ဆောင်လာခဲ့ရာ မုဆိုးရုပ်ပုံနဲ့ ကမ္ဘာချန်ပီယံ လက်ဝှေ့ သမားရုပ်ပုံ၊ ၂၀၁၆ ခုနှစ်မှာ ကရင်အမျိုးသား တောင်ယာကနေ ကရင်နှစ်သစ်ကူး ကောက်သစ်စားပွဲကို လာရောက်ဟန် ရုပ်တု၊ ၂၀၁၇ ခုနှစ်က ရုပ်တုလုပ်ဆောင်ခဲ့ခြင်းမရှိပဲ အခုနှစ်မှာ ပြန်လည်လုပ်ဆောင်လာခဲ့တာပါ။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024