Homeအနုပညာ
တိုင်းရင်းသားလူမျိုးစုများနှင့် မြန်မာ့ရုပ်ရှင်ဆွေးနွေးပွဲတွင် ရ၀မ်ရုပ်ရှင်ကား-“ဂီလာ”ကို ပြသမည်
တိုင်းရင်းသားလူမျိုးစုများနှင့် မြန်မာ့ရုပ်ရှင်ဆွေးနွေးပွဲတွင် ရ၀မ်ရုပ်ရှင်ကား-“ဂီလာ”ကို ပြသမည်
DVB
·
January 2, 2019
“တိုင်းရင်းသား လူမျိုးစုများနှင့် မြန်မာ့ရုပ်ရှင်”ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတခုကို လာမယ့် ဇန် န၀ါရီ ၅ ရက် နေ့လည် ၁၂ နာရီ ရန်ကုန်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
ဒီဆွေးနွေးပွဲကို ၅ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး မြန်မာ့ရုပ်ရှင် ဇာတ်ညွှန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံမှန်ကျင်းပနေတာ ဖြစ်ပါတယ်။
ခုတပတ်မှာတော့ ရ၀မ်တိုင်းရင်းသားတွေ ကိုယ်တိုင်ရိုက်ကူးထားတဲ့ “ဂီလာ”ရုပ်ရှင်ကားကို ပြသသွားမှာဖြစ်ကာ အဆိုပါ ဇာတ်ကားဖန်တီးသူ ဒါရိုက်တာ ဒီထဲဒီနဲ့ ဇာတ်ညွှန်း L မင်းပြည့်မွန်တို့က ဦးဆောင်ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲကျင်းပမည့် နေရာကတော့ အမှတ် (၅၀) ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ ရုပ်ရှင်အနုပညာရပ်ဝန်းရှိ Film Development Center (FDC)မှာ ဖြစ်ပြီး ရုပ်ရှင်ဇာတ်ညွှန်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားသူ ဘယ်သူမဆို ဒီဆွေးနွေးပွဲကို တက် ရောက်နိုင်မှာဖြစ်ပါတယ်။