Home
မြန်မာသတင်း
စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့မှုများကို မတားဆီးရန် ရခိုင်အမျိုးသားပါတီ တောင်းဆို
DVB
·
December 29, 2018
စစ်ဘေးရှောင်ပြည်သူတွေအတွက် ရောက်ရှိလာတဲ့ ကူညီထောက်ပံ့မှုတွေကို တားဆီးပိတ်ပင်မှုတွေ မပြုလုပ်ကြဖို့နဲ့ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ ပြည်သူတွေကို ခြိမ်းခြောက်အနိုင်ကျင့်တာတွေ၊ အဓမ္မလုပ်အားခေါ်တာတွေ သက်ဆိုင်သူတွေ လုံးဝမပြုလုပ်ကြဖို့ ရခိုင်အမျိုးသားပါတီက ကြေညာချက်ထုတ်ပြန်တောင်း ဆိုလိုက်ပါတယ်။ ဒီကြေညာချက်ကို စစ်တွေမြို့ ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်မှာ အစည်းအဝေးပြုလုပ်ပြီးနောက် ဒီဇင်ဘာ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။ စစ်ဘေးရှောင်ပြည်သူတွေကို နိုင်ငံတော်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက လိုအပ်တဲ့ အကူအညီတွေကို လုပ်ဆောင်ပေးဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။ ဒ့ါအပြင် တပ်မတော်က အပစ်အအခတ်ရပ်စဲရေး ကြေညာချက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြားဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ရခိုင်ပြည်နယ် အကျုံမဝင်တာဟာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ  တန်းတူရည်တူအားလုံးပါဝင်နိုင်းရေးမူနဲ့ လွဲချော်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ တပ်မတော်နဲ့ ရက္ခိုင်မတော်တို့ စစ်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မြို့နယ် ၅ မြို့နယ်က ဒေသခံ ရခိုင်၊ မြို၊ ခမီ၊ သက်၊ ဒိုင်းနက် တိုင်းရင်းသားမျိုးနွယ်စုတွေ ၂၀၀၀ ဝန်းကျင်လောက်ဟာ စစ်ဘေးကြောင့် တိမ်း ရှောင်နေကြရပါတယ်။ ကျောက်တော်မြို့နယ် ကန်စောက်ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင်ပြည်သူတွေ  ၃၀၀ ကျော်လောက် ရောက်ရှိနေကြတာပါ။ တိုက်ပွဲတွေကြောင့် ကျေးရွာတွေက ထွက်ပြေးလာပြီး ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ၁၂၀၀ ဝန်းကျင် လောက်ရှိပြီး ဘူးသီးတောင်မြို့နယ်၊ စိုင်းတောင်ချောင်းနဲ့ ကျောက်တော်မြို့နယ် အထက်သင်းပုန်းတန်းကျေး ရွာတွေမှာ စားနပ်ရိက္ခာတွေ အရေးတကြီး လိုအပ်နေတယ်လို့ ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ၀ဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024