ကန်စောက်ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးဒုက္ခသည်များ (ဓာတ်ပုံ)
DVB
·
December 23, 2018
တပ်မတော်နဲ့ အေအေ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် ဒုက္ခသည် ၃၄၀ ကျော်လောက် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ၊ ကန်စောက် ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။
ကျောက်တော်မြို့နယ် သလူချောင်း၊ ကျွန်းသာယာ၊ တောင်ပေါက် စတဲ့ကျေးရွာတွေကနေ ထွက်ပြေး ရောက်ရှိလာကြတာလို့ ကန်စောက်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။
အသက် ၁၈ နှစ်အောက်ကလေးတွေနဲ့ အမျိုးသမီးတွေအများစု စစ်ရှောင်လာကြတာဖြစ်ပြီး လတ်တလော စားနပ်ရိက္ခာတွေ အရေးတကြီး လိုအပ်နေပါတယ်။
သတင်း၊ ဓာတ်ပုံ- ဝဏ္ဏခွာညို