Home
မြန်မာသတင်း
လက်ပံတောင်းကြေးနီစီမံကိန်းကိစ္စ တိုင်းအစိုးရဖြေရှင်းပေးရန် မုံရွာတွင် ဆန္ဒပြ
DVB
·
December 15, 2018
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့အခက်အခဲကို တိုင်းအစိုးရ ဖြေရှင်းပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စတင်ကတည်းက ဒီနေ့အချိန်ထိ မြေယာပြဿနာ၊ သီးနှံလျော်ကြေးပြဿနာ၊ ကျေးရွာပြောင်းရွေ့ရေးပြဿနာ၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာ၊ မီးလောင်ဗုံးပြဿနာ၊ ဒေါ်ခင်ဝင်း သေဆုံးမှုပြဿနာ စတာတွေနဲ့ပတ်သက်ပြီး ဒီနေ့အချိန်ထိ မပြေလည်သေးပါဘူး။ စီမံကိန်းက နိုင်ငံတော်အဆင့် စီမံကိန်းဖြစ်ပေမယ့် တိုင်းအစိုးရဆောင်ရွက်လို့ရတဲ့ အပိုင်းတွေလည်း အများကြီးရှေ့နေတဲ့အတွက် ဝန်ကြီးချုပ်အနေနဲ့ ကွင်းဆင်းစစ်ဆေးပေးဖို့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ဒေသခံတွေစုပေါင်းကာ မုံရွာမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲက လက်ပံတောင်းတောင်ဒေသခံတွေအနေနဲ့ အခုအစိုးရလက်ထက် မုံရွာမြို့မှာ ပထမဆုံးအကြိမ် ဆန္ဒပြတာလည်းဖြစ်ပါတယ်။ ဆန္ဒပြပွဲကို တုံအုပ်စု၊ ဆည်တည်း၊ မိုးကြိုးပြင်၊ ကျော်ရွာ၊ ကျောက်ဖြူတိုင်၊ လယ်တီစတဲ့ကျေးရွာတွေက ဒေသခံ ၂၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က စီမံကိန်းဧရိယာအတွင်း အက်ဆစ်ဖျန်းခဲ့တာကြောင့် စီမံကိန်းအနီးက နှမ်း၊ ပဲစင်းငုံ၊ ပြောင်း၊ ပဲတီစိမ်းစတဲ့ သီးနှံစိုက်ခင်းတွေအပြင် ကွမ်းခြံတွေပါ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ သီးနှံတွေအတွက် လျော်ကြေးငွေရရေးအတွက် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း မြန်မာ ဝမ်ပေါင် ကုမ္ပဏီရှေ့မှာ ဒေသခံ ၁၅၀ လောက်က ဆန္ဒပြခဲ့ကြပါသေးတယ်။ ဆန္ဒပြပွဲမှာ ဒေသခံတွေက စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ အစီရင်ခံစာ မလိုက်နာတဲ့ စီမံကိန်း ချက်ချင်းရပ်၊ နယ်ချဲ့တရုတ်ဝမ်ပေါင်နဲ့ ဦးပိုင် အလိုမရှိ၊ လူသတ်မြေသိမ်းကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ ပတ်ဝန်းကျင်ထိခိုက်စေတဲ့ စီမံကိန်း အရေးယူပေးရေး၊ သီးနှံလျော်ကြေး၊ နစ်နာကြေး အမြန်ဆုံးရရှိရေး စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024