Home
မြန်မာသတင်း
ပန်းပင် ၃ သိန်းကျော် အလှဆင်ထားသည့် ပြင်ဦးလွင် ပန်းပွဲတော် (ဓာတ်ပုံ)
ပြည့်ဘုန်းအောင်
·
December 15, 2018
နှစ်စဉ်ကျင်းပတဲ့ ပြင်ဦးလွင် ပန်းပွဲတော်ကို ဒီဇင်ဘာ ဒီနေ့ စတင် ဖွင့်လှစ်လိုက်ပါတယ်။ အခုပန်းပွဲတော်ဟာ ၁၃ ကြိမ်မြောက် ပန်းပွဲတော်ဖြစ်ပြီး အရင်နှစ်တွေကနဲ့မတူဘဲ ပြည်ပပန်းပညာရှင်တွေကို ဖိတ်ခေါ်ပြီး မတူညီတဲ့ ပန်းအလှဒီဇိုင်းတွေနဲ့ ထည့်သွင်းထားတယ်လို့ ပွဲကျင်းပရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ပန်းပွဲတော်မှာ ပန်းအမျိုးအစား ၄၈ မျိုး အသုံးပြုကာ ပန်းပင်အရေအတွက် ၁ သိန်းခွဲကျော် ခင်းကျင်းပြသခဲ့ပေမယ့် အခုနှစ်မှာတော့ ပြည်တွင်း၊ ပြည်ပမှ ပန်းအမျိုးအစား ၆၉ မျိုး အသုံးပြုကာ ပန်းအပင်အရေအတွက် သုံးသိန်းကျော်အထိ တိုးမြှင့်အသုံးပြုပြီး အလှဆင်ထားပါတယ်။ ပန်းပွဲတော်ကို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေကို ပိုမိုစွဲဆောင်နိုင်ဖို့ ကျင်းပတာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်ကနေ ၂၀၁၉ ဇန်နဝါရီ ၁၅ ရက်အထိ တလကြာ ကျင်းပမှာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024