အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး တောင်ကြီးမြို့တွင် စီတန်းလှည့်လည်ဆန္ဒပြ
DVB
·
November 26, 2018
အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့အသံ ကျယ်ကျယ်လောင်လောင်ထွက်လာဖို့နဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ နိုဝင်ဘာ ၂၆ ရက် မနက်က တောင်ကြီးမြို့မှာ ဒေသခံတွေက စီတန်းလှည့်လည်လှုပ်ရှားခဲ့ကြပါတယ်။
အမျိုသမီးတွေဟာ ရောင်းကုန်မဟုတ်၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်၊ အမျိုးသမီးလုပ်ငန်းခွင်အတွင်းအကြမ်းဖက်မှုရပ်၊ အမျိုးသမီးနဲ့ ကလေးတွေအပေါ် အိမ်တွင်း အကြမ်းဖက်မှုနဲ့ ညှဉ်းပန်းမှုမပြုရဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင် ကြွေးကြော် လှုပ်ရှားခဲ့ကြပါတယ်။
ဒီကနေ့ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ မြို့ခံ နန်းမြဦးက “အမျိုးသမီး အကြမ်းဖက်မှုလျော့ချဖို့က အမျိုးသမီးတွေအတွက် ကာကွယ်ပေးတဲ့ ဥပဒေတွေ ခိုင်ခိုင်မာမာရှိဖို့ လိုသလို အမျိုးသမီးအသံတွေ နားထောင်ပေးဖို့လိုတယ်”လို့ ပြောပါတယ်။
ဒီလှုပ်ရှားမှုနဲ့အတူ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတို၊ ပြဇာတ်တွေနဲ့ အမျိုးသမီးတွေရဲ့ အသံထွက်ပေါ်လာအောင် ဆွေးနွေးပွဲတွေလည်း ပြုလုပ်ခဲ့ပါ တယ်။
သတင်း/ဓာတ်ပုံ- ခွန်ရာဇာ