Home
မြန်မာသတင်း
တောင်ကုတ်မြို့တွင် ရဲအရာရှိတဦး ရေတွင်းထဲ ခုန်ချအဆုံးစီရင်
DVB
·
November 25, 2018
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မြို့မရဲစခန်း ရဲအရာရှိတဦး နိုဝင်ဘာလ ၂၅ ရက်နေ့ ၇ နာရီခွဲ ဝန်းကျင်လောက်က ရေတွင်းထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားတယ်လို့ တောင်မြို့မ ရဲစခန်းအတည်ပြု ပြောပါတယ်။ တောင်ကုတ်မြို့မရဲစခန်းက ဒုစခန်းမှူးချစ်ထွန်းက “ဒီကနေ့ မနက်ပိုင်းက ၇ နာရီခွဲ ဝန်းကျင် လောက်ဖြစ်သွားတာပါ။ ရေတွင်းထဲ ကိုယ့်ကိုယ်ကိုယ် ခုန်ချပြီး အဆုံးစီရင် သွားတာပါ။ အသေးစိတ်ကိုတော့ မြို့နယ်မှူးကိုမေးပေးပါ ”လို့ပြောပါတယ်။ သေဆုံးသွားတဲ့ ရဲအရာရှိဟာ တောင်ကုတ်မြို့မရဲစခန်းက ဒုရဲမှူးသိန်းနိုင်ထွန်းဖြစ်ပြီး လုပ်ကြံသေဆုံးတဲ့ အကြောင်းအရင်း မသိရှိသေးဘူးလို့ ဒုစခန်းမှူးချစ်ထွန်းက ပြောပါတယ်။ သေဆုံးသွားတဲ့ တောင်ကုတ်မြို့မရဲစခန်းက ဒုရဲမှူးသိန်းနိုင်ထွန်းရဲ့ အလောင်းကို တောင်ကုတ်ဆေးရုံက ရင်ခွဲရုံမှာထားရှိထားပါတယ်။ သတင်း-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024