Home
မြန်မာသတင်း
အမျိုးသမီး ၁ ဦး နေအိမ်ရေချိုးခန်းအတွင်း မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေ
DVB
·
October 29, 2018
နေပြည်တော် ဥတ္တရသီရိမြို့နယ် နေအိမ်တလုံးက ရေချိုးခန်းထဲမှာ အမျိုးသမီးတဦး မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့ည ၇ နာရီကျော်လောက်က ဥတ္တရသီရိမြို့နယ်၊ ကျွန်းချောင်း ၂ လမ်း အိမ်အမှတ် (၂၀၄၂) နေ ဒေါ်ခင်ထွေးဝင်းသန်း(ခ) မီးငယ် (၄၇) နှစ်ဟာ နေအိမ်မှာ မီးလောင်သေဆုံးနေကြောင်း သတင်းအရ ဘုရားကုန်းမြို့မရဲစခန်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေ  သွားရောက်စစ်ဆေးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဒေါ်ခင်ထွေးဝင်းသန်း (ခ) မီးငယ်မှာ အိပ်ခန်းအတွင်းရှိ ရေချိုးခန်းမှာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာကြောင့် နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူ စီးနင်းတဲ့ 7C/ ×××× ယာဉ်နဲ့ I-Phone ၁ လုံး ပျောက်ဆုံးနေတာကြောင့် နေပြည်တော်ရဲတပ်ဖွဲ့နဲ့ မှုခင်းရဲတပ်ဖွဲ့တို့  ပူးပေါင်း စုံစမ်းရှာဖွေနေပြီး ဘုရားကုန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024