Home
မြန်မာသတင်း
မက္ကဆီကိုတွင် သေဆုံးသူများအတွက် ရိုးရာပွဲတော် ကျင်းပ
DVB
·
October 28, 2018
မက္ကဆီကိုနိုင်ငံ မြို့တော်မက္ကဆီကိုစီးတီးမှာ အောက်တိုဘာလ ၂၇ ရက်နေ့က သေဆုံးသူများပွဲတော် အလှပြစီတန်းလှည့်လည်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲတော်ဟာ စပိန်ကိုလိုနီ မကျရောက်ခင်ကာလ ရိုးရာယုံကြည်မှုကို အခြေခံပြီး အစဉ်အလာမပျက် ခေတ်နဲ့အညီ ကျင်းပတဲ့ ပွဲတော် ဖြစ်ပါတယ်။ ခရစ်ယာန်ပွဲတော်တွေဖြစ်တဲ့ သူတော်စင်များပွဲတော်၊ ၀ိညာဉ်များပွဲတော်များလိုပဲ သေဆုံးသူများပွဲတော်ဟာ မက္ကဆီကိုမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ရိုးရာပွဲတော် ဖြစ်ပါတယ်။ “ဒီပွဲတော်ကို ထူးခြားတယ်လို့ မြင်ပါတယ်။ ကျမတို့အားလုံး တနေ့သေကြရမှာပဲလေ။ အဲဒါကို ပွဲတော်လုပ် ကျင်းပတယ်ဆိုတော့ အလွန်အကောင်းမြင်တယ်လို့ ထင်ပါတယ်။” ဆိုပြီး ပွဲတော်လာရောက်သူ ဖလော်ရန်စီယာဆန်တာက ပြောပါတယ်။ “သေဆုံးသူတွေကို အမှတ်ရတဲ့အနေနဲ့ အိမ်မှာ ၀တ်ပြုစင်လေးလုပ်ပါတယ်။ အဲဒီစင်ပေါ်မှာ အစားအစာတွေတင်ပြီး သူတို့ကို အောက်မေ့ပွဲ လုပ်တာပါ။ ဒါဟာ သေခြင်းနဲ့ ရှင်ခြင်းကြားက အစဉ်အလာပွဲလေးလည်း ဖြစ်ပါတယ်။” လို့ ဖခင်တဦးဖြစ်သူ အန်းရစ်အမ်မာဟီရာက ပြောပါတယ်။ သေဆုံးသူတွေဟာ မြေအောက်ကမ္ဘာကနေ ပြန်လာနိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ နိုဝင်ဘာ ၁ ရက်နေ့မှာ သေဆုံးသွားတဲ့ ကလေးငယ်တွေအတွက် မလိမ်မိုးမလိမ်မာလေးများပွဲတော်ကို စတင်ကျင်းပပြီး နိုဝင်ဘာ ၂ ရက်နေ့မှာ သေဆုံးသွားတဲ့ လူကြီးတွေအတွက် သေဆုံးသူများ ပွဲတော်နဲ့ ပွဲတော်ကို ပိတ်သိမ်းပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024