နန်းယွန်းနှင့် လဟယ်မြို့နယ်များ မီးလင်းရေး ဆိုလာပြားများ ထောက်ပံ့
DVB
·
October 27, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်နဲ့ လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့ မီးလင်းရေးအတွက် ဆိုလာပြားတွေကို အောက်တိုဘာ ၂၆ ရက်နေ့ ထောက်ပံ့ခဲ့ပြီး မရသေးတဲ့ကျေးရွာ ရာနဲ့ချီ ကျန်ရှိနေသေးတယ်လို့ နာဂဒေသ ဦးစီးဥက္ကဋ္ဌ ဦးကေဆိုင်းက ပြောပါတယ်။
ဆိုလာပြား အစုံ ၄၉၀ ကျော်ကို ကဲစံနောက်ညို၊ ရှန်ဟဲနောက်ညိုနဲ့ ကဲစံနောက်လန်ကျေးရွာတွေကို ပေးအပ်သွားမှာဖြစ်ပြီး ကျန်ရှိနေတဲ့ ကျေးရွာတွေကိုလည်း ဆက်လက်ပေးအပ်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
“ဒီနှစ် ၅ ရွာ ရဖို့ လုပ်တာ ၃ ရွာချပေးတယ်။ နောက်ထပ်ရရှိဖို့ လုပ်သွားမယ့် ဆိုလာပြားရရှိဖို့ ကျေးရွာပေါင်း ရာကျော်ကျန်နေသေးရာ ကျေးရွာတိုင်းရရှိဖို့ စီမံဆောင်ရွက်နေပါတယ်။ ဆိုလာပြား မရရှိသေးတဲ့ တချို့ကျေးရွာတွေကို အရပ်ဘက်ပရဟိတအသင်းတွေက လှူဒါန်းဖို့ ကမ်းလှမ်းထားတယ်” လို့ ဦးကေဆိုင်းက ပြောပါတယ်။
အောင်ဆန်းမြင့်