မူဆယ်-မန္တလေး ရထားလမ်းဖောက်ရေး တရုတ်နှင့်မြန်မာ အမ်အိုယူလက်မှတ်ထိုး
DVB
·
October 26, 2018
တရုတ်-မြန်မာနယ်စပ်က မူဆယ်မြို့နဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မန္တလေးမြို့ကို ချိတ်ဆက်ပြီး မီးရထားလမ်းဖောက်ရေး ဖြစ်နိုင်ချေအတွက် စစ်တမ်းကောက်ယူမယ့် နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံအရာရှိတွေ နေပြည်တော်မှာ အောက်တိုဘာ ၂၂ရက်က လက်မှတ်ရေး ထိုးပါတယ်။
အားယွမ် အင်ဂျင်နီယာလုပ်ငန်း ကုမ္ပဏီနဲ့ မြန်မာ့မီးရထားလုပ်ငန်းတို့ အကြားချုပ်ဆိုတဲ့ နားလည်မှုစာချွန်လွှာထဲမှာ ရထားလမ်းကြောင့်ဖြစ်နိုင်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအဖွဲ့အစည်းအပေါ် သက်ရောက်မှုတွေကို ၂ နှစ်ကြာအောင် လေ့လာကြမှာပါ။
ရထားလမ်းဟာ ၄၃၁ ကီလိုမီတာရှည်ပြီး တနာရီကို ကီလိုမီတာ ၁၆၀ အမြန်နှုန်းနဲ့ သွားမယ့် ရထားအတွက် ပုံစံထုတ်ထားပါတယ်။
မြန်မာနိုင်ငံအတွင်း စီးပွားရေးအချက်အခြာ မြို့တွေနဲ့ နိုင်ငံမြောက်ပိုင်းက အရေးကြီးမြို့တချို့ကို မီးရထားလမ်း ဖြတ်သန်းဖောက်လုပ်မှာပါ။
မူဆယ်-မန္တလေး ရထားလမ်းဟာ တရုတ်နဲ့ မြန်မာ ရထားလမ်းဆက်သွယ်မှုမှာ အရေးပါတဲ့ အစိတ်အပိုင်းလည်း ဖြစ်တယ်။
ဒီရထားလမ်းကို တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ မကြာခင် ဆောက်လုပ်မယ့် မူဆယ်-မန္တလေး ရထားလမ်းပိုင်းနဲ့ တပြိုင်တည်း ဆောက်လုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်က ပြောပါတယ်။