လူမှုကွန်ရက်ပေါ် ရေပန်းစားနေသည့် မြန်မာ Iron Man (ရုပ်သံ)
DVB
·
October 8, 2018
Iron Man ဝတ်စုံကို ကိုယ်တိုင်ဖန်တီးဝတ်ဆင်ခဲ့သူတယောက်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ် ဗွီဒီယိုဖိုင်ကို တင်ခဲ့ပြီး လူတွေ စိတ်ဝင်စားနေတာကို တွေ့ရပါတယ်။
ပျဉ်းမနားမှာ နေထိုင်တဲ့ ကိုကျော်မင်းဟာ သူ့ရဲ့ ဝါသနာအရ ဒီလို ဇာတ်ကောင်ဝတ်စုံတွေ ဖန်တီးနေတာ ဖြစ်ပြီး ဒီမတိုင်ခင်ကတော့ Star Wars ဇာတ်ကောင်ဝတ်စုံကိုလည်း ကိုယ်တိုင် ဖန်တီးခဲ့ပါသေးတယ်။
“ဒီဝတ်စုံလုပ်နေတာ တနှစ်ကျော်တယ်။ ခု ပြန်ဝတ်ကြည့်တော့ လိုအပ်တာ နည်းနည်းရှိသေးတယ်။ ဇာတ်ကားထဲက လိုပါပဲ။ မျက်နှာဖုံးအဖွင့်အပိတ်လုပ်လို့ရပါတယ်။ နောက်က အတောင်တွေပါတယ်။ သေနတ်ပါတယ်။ ဆိုးလ်ပြားတွေနဲ့ လုပ်ပြီး ဆေးမှုတ်ထားတာပါ” လို့ ပြောပါတယ်။
တခြား ဇာတ်ကောင်ဝတ်စုံတွေလည်း ဖန်တီးခဲ့ပေမယ့် အပြည့်အစုံမဟုတ်ဘဲ ခေါင်းပိုင်းတွေပဲ လုပ်ဖြစ်တယ်လို့ သူက ဆိုပါတယ်။