Myanmar Idol အဆိုတော်များ "ထာဝရ ရန်ကုန်" သီချင်းတိုက်နေ (ဓာတ်ပုံ)
DVB
·
September 24, 2018
ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ဖော်ကျူးရေးစပ်ထားတဲ့ "ထာဝရ ရန်ကုန်" တေးသီချင်းကို Myanmar Idol တေးသံရှင်တွေက သီဆိုလေ့ကျင့်နေကြပါတယ်။
ရန်ကုန်မြို့၊ ရွှေထွဋ်တင်ကွင်းရှိ HEXAGON AUDIO စတီဒီယိုမှာ တေးသံရှင်တွေ သီဆိုလေ့ကျင့်နေကြတာကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ သွားရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စမှာ သတင်းထုတ်ထားပါတယ်။
ဓာတ်ပုံ- ChiefMinisterOffice