ရုပ်ရှင်ဇာတ်ကားကောင်းများ ရိုက်ကူးထုတ်လုပ်နိုင်ရေး ဆွေးနွေး (ဓာတ်ပုံ)
သူသူအောင်
·
September 23, 2018
ရုပ်ရှင်ဇာတ်ကားကောင်းများ ရိုက်ကူးထုတ်လုပ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းမှာရှိတဲ့ ရုပ်ရှင်ဖွံ့ ဖြိုးတိုးတက်ရေးစင်တာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Panel Discussion on Making Good Movie:Pre - Production အခမ်းအနားမှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတာဝန်ရှိသူတွေ၊ ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းရေးသားသူတွေက ရုပ်ရှင်ဇာတ်ကားကောင်းတွေ ရိုက်ကူး ထုတ်လုပ်ဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။