Home
မြန်မာသတင်း
ရန်ကုန်မြို့က အမှိုက်ပုံကြီး ၂ ခုတွင် စွမ်းအင်ထုတ်စက်ရုံတည်ဆောက်ရန် ဆွေးနွေးနေ
အာကာ
·
September 20, 2018
ရန်ကုန်မြို့က  အမှိုက်ပုံကြီး ၂ခုမှာ စွမ်းအင်ထုတ်စက်ရုံနဲ့ တခြားစက်ရုံတွေ တည်ဆောက်ဖို့အတွက်   GtoG အစိုးရချင်းလုပ်ဆောင်တဲ့စနစ်နဲ့ အတိုးနှုန်းအနည်းဆုံးနဲ့ ဖွံ့ဖြိုးရေးချေးငွေ ODA Loan ရအောင် ဆွေးနွေးနေတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။ စက်တင်ဘာလ ၁၉ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ မရမ်းကုန်း မဲဆန္ဒနယ်၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းရဲ့  စွန့် ပစ်အမှိုက်တွေကို မီးရှို့ဖျက်ဆီးဖို့  အစီအစဉ်ရှိမရှိ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ ထိန်ပင်အမှိုက်ပုံမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမျိုးထပ်မဖြစ်အောင် အခုလို မေးမြန်းရတာ ဖြစ်တယ်လို့  ဦးရန်ရှင်းက ပြောပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “ အမှိုက်ခွဲကြတယ်၊ သဘာဝမြေဆွေးတွေပြုလုပ်မယ်၊ Recycleတွေ၊ Reusedတွေ အမှိုက်တွေ ပြန်လည် သန့်စင်ဖို့အတွက်၊  အမှိုက်ကနေအပူနဲ့ စွမ်းအင်ထုတ်လုပ်တာတွေ၊ စွမ်းအားဖြည့်လောင်စာတွေ ပြန်ထုတ်ဖို့တွေရယ်၊ နောက်တခုက ဓာတ်ငွေ့တွေထုတ်ဖို့ရယ် ဒီလုပ်ငန်းစဉ် အကောင်အထည်ဖော်ဖို့ City to City၊ အစိုးရချင်း GtoG ရရှိအောင် ဆောင်ရွက်နေပါတယ်။ ဒါမှမဟုတ်ရင်လည်း ဖက်စပ်အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်တွေလည်းရှိပါတယ်” လို့ပြောပါတယ်။ ရန်ကုန်မြို့က အမှိုက်ပုံတွေကနေ လျှပ်စစ်ထုတ်စက်ရုံတည်ဆောက်ဖို့ ၂၀၁၂ ခုနှစ်က စီစဉ်ခဲ့ဖူးပြီး ထွက်ရှိလာမယ့်  တစ်ယူနစ်နှုန်းထား ဈေးကြီးမြင့်တာကြောင့် အကောင်အထည် မပေါ်ခဲ့ပါဘူး။ ရန်ကုန်မြို့မှာ တရက်အမှိုက်တန်ချိန် ၂၅၀၀ လောက်ထွက်ရှိပြီး ထိန်ပင်နဲ့ ထားဝယ်ချောင်အမှိုက်ပုံတို့မှာ အဓိက စွန့် ပစ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024