Homeမြန်မာသတင်း
မြန်မာ့ရိုးရာ သနပ်ခါးလိမ်းပြိုင်ပွဲနှင့် သနပ်ခါးပွဲတော် မကွေးမြို့တွင် ကျင်းပမည်
မြန်မာ့ရိုးရာ သနပ်ခါးလိမ်းပြိုင်ပွဲနှင့် သနပ်ခါးပွဲတော် မကွေးမြို့တွင် ကျင်းပမည်
DVB
·
September 18, 2018
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မြို့တော်ခန်းမမှာ ပထမဆုံးအကြိမ် မြန်မာ့ရိုးရာ သနပ်ခါးလိမ်းပြိုင်ပွဲနဲ့ သနပ်ခါးပွဲတော် ကျင်းပသွားမှာဖြစ်ပါတယ်။
မြန်မာ့ရိုးရာစစ်စစ်ဖြစ်ကြောင်း လူသိများပြီး တန်ဖိုးထားတတ်လာအောင်ရည်ရွယ်ပြု လုပ်တာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်တွေအနေနဲ့ သနပ်ခါး၊ ကျောက်ပျဉ်၊ ရေခွက် အဆင်သင့်ချထားပေးပြီး နာရီဝက်အတွင်း မိမိကြိုက်နှစ်သက်တဲ့ ဒီဇိုင်းကို ကိုယ်တိုင်သွေးလိမ်း ယှဉ်ပြိုင်ရမှာပါ။
သနပ်ခါးပွဲတော်ကို ရန်ကုန်မှာ ၂ ကြိမ် မန္တလေးမှာ တကြိမ်ကျင်းပခဲ့ပြီး မကွေးမြို့မှာတော့ ပထမဦးဆုံးအကြိမ် ကျင်းပတာဖြစ်တယ်လို့ ပွဲတော်ဖြစ်မြောက်ရေးဦးဆောင်သူ ကိုဧဇံက ပြောပါတယ်။
ဒိုင်ငါးဦးက အကဲဖြတ်ပေးပြီး ပထမဆု ကျပ် သုံးသိန်း၊ ဒုတိယဆု နှစ်သိန်းနဲ့ တတိယဆု တစ်သိန်း ချီးမြှင့်မှာဖြစ်ပါတယ်။ အခုပွဲတော်ကို ရန်ကုန်မြို့ ပန်းဆိုးတန်း အနုပညာပြခန်းက ဦးဆောင်ပြုလုပ်မှာလည်းဖြစ်ပါတယ်။