Home
မြန်မာသတင်း
ဒုမြို့နယ်​တရားသူကြီးနှင့် ရဲတချို့ကို အရေးယူပေးရန် သနပ်​ပင်​မြို့တွင်ဆန္ဒပြ
DVB
·
September 17, 2018
ပဲခူးတိုင်း​ဒေသကြီး၊ သနပ်​ပင်​မြို့မှာ ဒုမြို့နယ်​တရားသူကြီးနဲ့ ရဲဝန်​ထမ်းတချို့ကို အ​ရေးယူ​ဆောင်​ရွက်​​ ပေး​ရေးအတွက် ကျိုက်ပဒိုင်ကျေးရွာဒေသခံ ၁၀၀ ဝန်းကျင်က ဆန္ဒပြ တောင်းဆိုပါတယ်။ အဲဒီဆန္ဒထုတ်ဖော်ပွဲကို စက်​တင်​ဘာလ ၁၇ ရက်​​မနက်က  သနပ်ပင်မြို့နယ် ဈေးတံတားနဲ့ မြို့နယ်တရားရုံးရှေ့မှာ  ချီတက်ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ဦးဆောင်ဆန္ဒထုတ်ဖော်သူ ဦးလင်းလင်းနိုင်က “သြဂုတ် ၁၁ ရက်နေ့က တရားရှုံးတဲ့ မိသားစုနေအိမ်ကိုဖယ်ရှားပေးဖို့အတွက် ရဲဝန်ထမ်းတွေနဲ့ တရားလိုအပါအဝင် ဒုမြို့နယ် တရားသူကြီးကိုယ်တိုင် နေအိမ်ပေါ်တက်ရောက် ဖယ်ရှားခဲ့တာဟာ ဥပဒေကိုကျော်လွန် လုပ်ကိုင်တာဖြစ်တာကြောင့် အခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်”လို့ ပြောပါတယ်။ သနပ်​ပင်​မြို့နယ်​တရားသူကြီး ဦး​ကျော်​ဇင်​နိုင်​က တော့ အခုလို​ နေအိမ်​ရှင်းလင်း ဖယ်​ရှားတာဟာ တရားဥပ​ဒေကျင့်ထုံး ဥပ​ဒေနဲ့အညီ​ ဆောင်​ရွက်​တာဖြစ်​တယ်​လို့ ​ပြောပါတယ်​။ ​ဖြောင့်​မတ်​မှန်​ကန်​​တဲ့ တရားစီရင်​မှု​ပေါ်​ပေါက်​​ရေး ဥပ​ဒေကို ကျော်​လွန်​ချိုး​ဖောက် ​လုပ်​ကိုင်​တဲ့  တရားသူကြီးကိုအ​ရေးယူ​ပေး​ရေး အပါအဝင် ရဲတပ်​ဖွဲ့ဝင်​တချို့ကို အ​ရေးယူ​ ပေး​ရေးစတဲ့ ကြွေးကြော်သံတွေနဲ့ ဒေသခံတွေက ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ သတင်း-ဓာတ်ပုံ-အောင်ကျော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024