Home
မြန်မာသတင်း
ASEAN Cyberkids ပြိုင်ပွဲတွင် မြန်မာကလေးငယ်များ တတိယဆုရရှိ
DVB
·
September 17, 2018
ASEAN Cyberkids Camp (ACC) 2018 ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူ ၂ ဦး တတိယဆုရရှိခဲ့တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဌာနက သတင်းထုတ်ပါတယ်။ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့မှာ သတင်းအချက်အလက်နဲ့ နည်းပညာဌာနက  ကြီးမှူးပြီး စက်တင်ဘာလ ၄ ရက်က ၆ ရက်အထိ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ ပထမဆုကို ဗီယက်နမ်၊ ဒုတိယဆုကို အင်ဒိုနီးရှားနဲ့ တတိယဆုကို မြန်မာနိုင်ငံက အသီးသီးဆွတ်ခူး ရရှိခဲ့တာပါ။ ဒီပြိုင်ပွဲကို အာဆီယံ ၁၀နိုင်ငံက ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူ ၂ ဦးနဲ့ ကြီးကြပ်အုပ်ချုပ်သူ ဆရာ/ဆရာမ (၁) ဦးစီ စုစုပေါင်း ၃၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဒဂုံမြိုနယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဆဌမတန်းမှ မခန့်အိမ်စည်နဲ့ ပဉ္စမတန်းမှ မောင်သန့်စင်တို့က မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ဆုရရှိခဲ့ကြတာပါ။ ASEAN Cyberkids Camp ပြိုင်ပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရှိ လူငယ် ကျောင်းသားတွေ သတင်းအချက်အလက်နဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်စေဖို့၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးစံတွေ အချင်းချင်းနှီးနှောဖလှယ်မြှင့်တင်စေဖို့၊ လူမှုရေးနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတို့မှာ အရှိန်အဟုန်မြှင့်တင်ပေးဖို့၊ ICT အကြောင်းအရာ ဘာသာရပ်တွေ ထိုးထွင်းတီထွင်ဖန်တီးမှု၊ အသုံးချတက်မှုတိုးမြှင့်စေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာလို့ ဆိုပါတယ်။ ဓာတ်ပုံ- PTD
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024