Home
မြန်မာသတင်း
ထွက်ပြေး အကျဉ်းသား ၄၁ ဦးထဲမှ ၁၄ ဦး ဖမ်းမိ
DVB
·
September 17, 2018
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၄၁ ယောက်ထဲကနေ အကျဉ်းသား ၁၄ ယောက်ကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေ၊ မိတ်ဘက်အဖွဲ့အစည်းတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်း ရှာဖွေစစ်ဆေးရာကနေ စက်တင်ဘာ ၁၆ ရက်နေ့ ညပိုင်းမှာ အကျဉ်းသား ၁၄ ယောက်ကို ပြန်လည်ဖမ်းမိခဲ့တာပါ။ အကျဉ်းသားတွေဟာ စက်တင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက ထောင်ဝင်းအတွင်း စုပုံထားတဲ့အမှိုက်တွေ သွားပစ်မယ့်ယာဉ်ကို ထောင်ဒဏ်လွတ်ရက်မရှိ အကျဉ်းသားက ယာဉ်မောင်း အကျဉ်းသား ၀န်ထမ်းကို ထိုးကြိတ်ပြီး ယာဉ်နဲ့ ထောင်တံခါး ၄ ဆင့်ကို တိုက်ဖွင့်ပြီး ထွက်ပြေးသွားတာပါ။ ယာဉ်ပေါ်မှာ အကျဉ်းသား ၄၁ ဦး လိုက်ပါသွားခဲ့တာလို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ထွက်ပြေးသွာတဲ့ အကျဉ်းသား ၄၁ ဦးထဲမှာ အပြစ်ကျ တရားခံ ၂၉ ဦး၊ အမှုစစ်ဆေးဆဲ အချုပ်တရားခံ ၁၂ ဦး ပါဝင်ပါတယ်။ ဦးဆောင်ထွက်ပြေးသူ ကျော်မိန်လ(ခ) အရှောင်(ခ)ကျော်ဖကုလား(ခ)မိန်လှဟာ မူးယစ် ပုဒ်မနဲ့ ထောင်ဒဏ်နှစ်အကန့်အသတ်မရှိ ကျခံရနေရသူ ဖြစ်တယ်လို့ ဆိုထားပါတယ်။ လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေ ပြန်လည် ဖမ်းဆီးရမိရေးအတွက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့က ရှာဖွေနေပြီး ကူညီစုံစမ်းပေးဖို့နဲ့ သတင်းပေးဖို့ မေတ္တာရပ်ခံထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024